ရဲတပ်ဖွဲ့လှုပ်ရပ်ကို ဗကသ ကန့်ကွက်ဆန္ဒပြ

Saturday, May 24, 2014

 ~
  ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) က ကြာသပတေးနေ့မနက်ပိုင်း  ပြည်မြို့လယ်နဲ့အစိုးရရုံးတွေရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
  ~
 

  ~အကြောင်းရင်းကတော့ ဒီလလယ်ပိုင်း   တောင်သူများနဲ့ ဗကသ အဖွဲ့ဝင်  ကိုကောင်းထက်ကျော်တို့ကို အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုမှာ  တာဝန်ရှိတဲ့ သဲကုန်းမြို့နယ်ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူပေးဖို့ပါပဲ။

အာဏာပိုင်တွေဟာ  စစ်အစိုးရလက်ထက်ကအတိုင်း အုပ်ချုပ်နေတုန်းပါပဲလို့ ဗကသ တွဲဖက်အထွေထွေ အတွင်းရေးမှူး ကိုမင်းသွေးသစ်က ဧရာဝတီကို ပြောပါတယ်။

“အောက်ခြေက ရဲဝန်ထမ်းတွေကတော့ ဒီလိုအကြမ်းဖက်မှုမျိုးကို အထက်က အမိန့်မရဘဲ မလုပ်ရဲပါဘူး။
ဒီကိစ္စမှာ ပဲခူးတိုင်းဒေသကြီးအစိုးရက  တာဝန်အရှိဆုံးပါ။
 သမ္မတဦးသိန်းစိန်ပြောတဲ့  ဒီမိုကရေစီဆိုတာ ကျောင်းသားကိုတုတ်နဲ့ရိုက်ပြီး လယ်သမားကို ဓါးနဲ့ထိုးတဲ့ ဒီမိုကရေစီပဲဖြစ်တယ်”

သဲကုန်းမြို့နယ်ရဲတပ်ဖွဲ့က သူတို့ တာဝန်အရ အရေးယူခဲ့ရခြင်းဖြစ်ကြောင်း မကြာသေးခင်က ရှင်းလင်းခဲ့ပါသေးတယ်။
ဒီရှင်းလင်းမှုအကြောင်းကိုလည်း ကိုမင်းသွေးသစ်က သုံးသပ်ပြပါတယ်။

“သဲကုန်းရဲတွေ သတင်းစာရှင်းလင်းပွဲခေါင်းစဉ်တပ်ပြီး သတင်းထောက်တွေ မေးခွင့် မရခဲ့တာကလည်း သူတို့ဘာလုပ်ခဲ့တယ်ဆိုတာ ရှင်းနေပါပြီ” 

ဆန္ဒပြရာမှာ  ဗကသ အဖွဲ့ဝင် (၂၀)ကျော်၊ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီက အဖွဲ့ဝင် ၁၁ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ တခြားမြို့ကြီးတွေမှာလည်း ဆန္ဒပြဖို့ ပြင်နေကြပါတယ်။


သဲကုန်းမြိှု့အမှုနဲ့ ပတ်သက်ပြီး  ဗကသများအဖွဲ့ချုပ်က ဆန္ဒပြခြင်း

မေ ၁၇ -  မန္တလေးမြို့
 မေ ၂၀၊ ၂၁၊ ၂၃ -  သဲကုန်းမြို့
 ရက်စွဲ မသတ်မှတ်ရသေး - ရန်ကုန်မြို့၊  တောင်ငူမြို့

ကြာသပတေးနေ့ ဆန္ဒပြပွဲကို   ခွင့်ပြုမိန့်တောင်းခံခြင်းမရှိဘဲပြုလုပ်ခဲ့တာပါ။   ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်အနီးမှာတော့  ရဲတပ်ဖွဲ့က တားမြစ်သော်လည်း ကျောင်းသားများက ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ကောင်းမြတ်မင်း

 


 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved