ထိုင်းနိုင်ငံမှာ ဖေ့စ်ဘုတ် စာမျက်နှာ ၂ နာရီကြာ ပိတ်ပင်ခံရ

Thursday, May 29, 2014

ထိုင်းနိုင်ငံမှာ  မေလ ၂၈ ရက်နေ့က နာရီအနည်းငယ်ကြာ လူအများသုံးတဲ့ အင်တာနက် လူမှု ကွန်ရက် 
ဖေ့စ်ဘုတ်စာမျက်နှာတွေ သုံးလို့ မရပဲ ပိတ်ပင်ခံရပါတယ်။ 


မေလ ၂၈ ရက်နေ့ ညနေ ၃ နာရီလောက်ကနေ ၅ နာရီလောက် ထိ ထိုင်း နိုင်ငံ မှာ ရှိနေတဲ့ လူပေါင်း သန်းနဲ့ ချီ သုံးစွဲနေတဲ့ အင်တာနက် လူမှု ကွန်ရက်တခုဖြစ်တဲ့ ဖေ့စ်ဘုတ်သုံးစွဲမှုမရပဲ ပိတ်ပင်ခံရတာဟာ အာဏာသိမ်း စစ်အစိုးရလုပ်တာပဲလို့ ဝေဖန်သံတွေက အတော်ကျယ်လောင်သွားခဲ့ပါတယ်။  

ကျန်တဲ့ အင်တာနက် ဝန်ဆောင်မှုတွေပြတ်တောက်ခြင်း မရှိပဲ ဖေ့စ်ဘုတ်တခုတည်းသာ  ယာယီပိတ်ပင် ခံခဲ့ရတာပါ။ 

ထိုင်း စစ်အစိုးရက မကြာသေးခင်ကပဲ စစ်အာဏာသိမ်းမှုကို ကန့်ကွက်တာနဲ့ တိုင်းပြည်မတည်မငြိမ်ဖြစ်
အောင် လူမှုကွန်ရက်တွေကို လွဲမှားစွာ အသုံးမပြုကြ ဖို့ သတိပေးအမိန့် ထုတ်ပြန် ထားပြီး နောက်ရက်မှာ 
ဖေ့စ်ဘုတ်ဆာဗာတွေသုံးမရ ဖြစ်ခဲ့တာပါ။ 

ဒါကြောင့် အခုလို ဖေ့စ်ဘုတ်ကို ပိတ်သိမ်းလိုက်မှုရဲ့နောက် ကွယ်မှာ ထိုင်း စစ်အစိုးရ ရှိနေတယ်လို့ သံသယဖြစ်ခဲ့ကြပြီး ဒေါသတွေ ထွက်ခဲ့ကြတယ်လို့ ထိုင်း သတင်းမီဒီယာတချို့မှာ ရေးပါတယ်။ 

အဲဒီသံသဖြစ်မှုကို အတည်ပြုပေးလိုက်တာကတော့ ဖေ့စ်ဘုတ်ဆာဗာကို လက်ရှိ အစိုးရက ခေတ္တပိတ်ခဲ့ တာဖြစ်တယ်လို့ နည်းပညာနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက အမြဲ တမ်း အထွေထွေအတွင်းရေးမှူး ဆူရာချိုင်း က ပြောလိုက်တာပဲဖြစ်ပါတယ်။ 

အခြား လူမှု ကွန်ရက်တွေဖြစ်တဲ့ တွစ်တာနဲ့ အန်စတီဂရမ်တွေကိုလည်း လုပ်ဖို့ အစီအစဉ် ရှိတယ်လို့ ဆူရာချိုင်း က ပြောဆိုပြီး ထိုင်း သတင်း တီဗွီတခု Spring News TV နဲ့ မေးမြန်းခန်းမှာ ပြောခဲ့တယ်လို့ ဆိုပါတယ်။
စစ် အာဏာသိမ်းမှုကို လူမှု ကွန်ရက်တွေကနေ ဝေဖန်အပြစ်တင်နေတာတွေ ရပ်ဖို့လည်း သူ က ပြောခဲ့ပါသေး တယ်တဲ့။ 

ဒါပေမယ့် အဲဒီလို ပြောပြီး နောက် တနာရီ ကျော် လောက်မှာတော့ ဆူရာချိုင်းက လေသံ ပြောင်း သွားကာ ဒါဟာ နည်းပညာ မတော်တဆ ဖြစ်မှုကြောင့်သာဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး Spring News TV သတင်း
ထောက် ဟာ သူပြောစကားကို နားလည်မှု လွဲခဲ့တာဖြစ်တယ်လို့ အပြစ် တင်ခဲ့ပါတယ်။ 

ထိုင်း သတင်းတွေ အဆိုအရ  ဖေ့စ်ဘုတ်ကို ခေတ္တပိတ်ပြီး လူထုရဲ့ တုံ့ပြန်မှုကို တချက် နားထောင်ပြီး 
နောက်ဆုံး လူထုက အတော်ဒေါသထွက်လာတာကို သိလိုက်တဲ့ အချိန်မှာ ပြန်ဖွင့်ပေးလိုက်တာ လည်းဖြစ် ပါတယ်။ 

ထိုင်းနိုင်ငံမှာ ဖေ့စ်ဘုတ်သုံးစွဲသူဟာ အလွန်ပဲများပြားပါတယ်။ စစ်တမ်းတခုမှာတော့ ဘန်ကောက်မြို့ ဟာ ဖေ့စ်ဘုတ် သုံး စွဲမှု အရှိန်နဲ့ မြင့်တက်လာနေပြီး ၂ဝ၁၂ ခုနှစ်ကတင် ဖေ့စ်ဘုတ်သုံးသူ ၈ သန်း ရှိပြီး ကမ္ဘာပေါ်မှာ ဖေ့စ်ဘုတ်သုံးစွဲသူ အများ ဆုံးမြို့အဖြစ် မှတ်တမင်းထင်ထားတယ်လို့ ဆိုပါတယ်။ 


အိမ့်သံစဉ် ~ 









0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved