အမေရိကန် DV ဗီဇာ ကံစမ်းမဲ ပေါက်သူတွေအတွက်

Wednesday, May 14, 2014

~


 .
DV ဗီဇာ ကံစမ်းမဲ ပေါက်သူတွေအတွက် သတင်းအချက်အလက်တချို့ ရှိနေကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးထားပါတယ်။
ဘယ်သူတွေ ကံစမ်းမဲပေါက်တယ် ဆိုတာကို မေ ၁ ရက်နေ့က ထုတ်ပြန်ခဲ့တယ်လို့ ဆိုတယ်။

DV ဗီဇာ  အကြောင်းအရာနဲ့ ပတ်သက်ပြီး http://www.dvlottery.state.gov/ မှာ ဖော်ပြထားပါတယ် တဲ့။
အဲဒီလင့်ကို ကလစ်လိုက်ရင် နောက်ထပ် စာမျက်နှာတခု ပေါ်လာပါလိမ့်မယ်။
အဲဒီမှာလည်း ကလစ်စရာ  တခု တွေ့ရမှာပါ။ Continue ဆိုတဲ့ဟာပါ။

အဲဒီစာမျက်နှာမှာ ဗီဇာမဲပေါက်သူရဲ့ Confirmation Number, Last/Family Name,  Year of Birth တွေ ထည့်သွင်းရမယ့် အဆင့်တွေ ရှိပါလိမ့်မယ်။

DV ဗီဇာ မဲပေါက်ပြီး အမေရိကန်ကို သွားရောက် အခြေချသူ၊ အလုပ်သွားလုပ်သူတွေ မနည်းပါ။

DV ဗီဇာ မဲပေါက်သူတိုင်းကို အမေရိကန်သွားဖို့ ဗီဇာ ထုတ်ပေးတာတော့ မဟုတ်ပါဘူး။
မဲပေါက်ပေမယ့် ဗီဇာ အငြင်းခံရသူတချို့လည်း ရှိပါတယ်။

ဘာကြောင့် ငြင်းတယ် ဆိုတာကိုတော့ ငြင်းတဲ့သူတွေကိုမေးရင် သိပါလိမ့်မယ်။

ဒီအစီအစဉ်က နှစ်ဦးနှစ်ဘက် အဆင်ပြေတဲ့ အစီအစဉ်ပါ။

အမေရိကန်သွားလိုသူတွေက DV ဗီဇာ ကံစမ်းမဲ ထိုးပြီး ပေါက်ရင် သွားနိုင်တဲ့အခြေအနေ ရှိတယ်။
အမေရိကန်ကလည်း  ကမ္ဘာအရပ်ရပ်က ပညာတတ်တွေကို သူ့နိုင်ငံမှာ ဆွဲခေါ်ထားနိုင်ပါတယ်။

ပညာရှင် ပညာတတ် ထွက်သွားတဲ့ နိုင်ငံများအတွက်တော့ ဆုံးရှုံးမှုလို့ ဆိုရပါမယ်။

DV ဗီဇာ ကံစမ်းမဲ အစီအစဉ်က မြန်မာပြည်မှာ နှစ်ပေါင်းများစွာ ဆက်လက် ခေတ်ကောင်းနေဦးမယ်လို့ ယူဆရပါတယ်။

(အပေါ်ပုံကတော့ အိုဘားမားရဲ့ ၂၀၁၂ ရန်ကုန်ခရီးစဉ်အတွင်း မိန့်ခွန်းပြောမယ့် ဘွဲ့နှင်းသဘင်အဆောက်အအုံအပြင်ဘက် ပြင်ဆင်မှု မြင်ကွင်းတခု ဖြစ်ပါတယ်)



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved