Facebook မှာ ပျောက်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်

Saturday, May 31, 2014

~





အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ Facebook စာမျက်နှာကို ယာယီ ပိတ်ထားဟန်တူပါတယ်။
သူ့ Facebook  မှာ သူရှိမနေပါဘူး။

သူ့စာမျက်နှာကိုရောက်ရင် အပေါ်က လက်မထောင်နေတဲ့ပုံကိုပဲ တွေ့ရပါမယ်။

7Day
သတင်းတပုဒ်အရ ဆိုရင် ဒီလိုဖြစ်နေတာ သောကြာနေ့ကတည်းကလို့ ဆိုတယ်။

Facebook ကနေ လုံးဝ ကိုယ်ယောင်ဖျောက်ရခြင်း အကြောင်းရင်း များစွာ ရှိကြမှာပါ။

သို့သော်လည်း... နည်းပညာခေတ် အွန်လိုင်းသုံးသူအများအပြားအတွက်တော့
Facebook ကို အကြာကြီး စွန့်ခွာဖို့ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး။
စိုင်းစိုင်းလည်း ရက်များမကြာမီ ကိုယ်ထင်ပြန်ပြမယ်လို့ ယူဆရပါတယ်။

သေချာတာကတော့ သူ ဒီညနေ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ သီချင်းဆိုမှာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းအထိတော့ သူက Facebook သုံးခဲ့သူပါ။ သူ့ရဲ့ နိုင်ငံရေးက ဘယ်လိုဖြစ်ပါတယ် ဆိုတာကိုလည်း ရေးခဲ့တာပါ။ များမကြာမီ ဒါရိုက်တာကြည်ဖြူသျှင်ကလည်း သူ့ကို အားကျပြီး နိုင်ငံရေးဋီကာ ဖွင့်ခဲ့တာ သတိပြုမိကြမှာပါ။

စိုင်းစိုင်းရဲ့နိုင်ငံရေးဋီကာကို ဒီဘလော့မှာ ကူးတင်ခဲ့ပါသေးတယ်။
တင်ပြီး နာရီပိုင်းအတွင်းမှာပဲ ပြန်ဖြုတ်ပေးခဲ့ပါတယ် - ဖြုတ်ပေးပါလို့ သူက  ဆိုလာတဲ့အတွက်။

သူက နိုင်ငံရေးနဲ့ ကင်းကင်း နေလိုသလား မနေလိုသလား ဆိုတာကတော့ သူနဲ့တွေ့ရင် မဖြစ်မနေ  မေးသင့်ပါတယ်။
နိုင်ငံရေးသမားပဲဖြစ်ဖြစ် အဆိုတော်ပဲဖြစ်ဖြစ် အရေခွံထူသင့်ပါတယ်။
ဒီအမျိုးအစားနှစ်ခုစလုံးကို အများက စိတ်ဝင်စားလို့ပါပဲ။ သူတို့မှာ ချစ်သူ များနိုင်သလို မုန်းသူလည်းများနိုင်တယ်မဟုတ်လား။  အရေခွံထူဖို့ ကြိုးစားထားမှ ခံနိုင်ရည်ရှိပါလိမ့်မယ်။

 Facebook ဆိုတာ ကိုယ့်မိတ်ဆွေ၊ ကိုယ့်ပရိသတ်နဲ့ တရင်းတနှီးနေဖို့ အင်မတန် သင့်တော်တဲ့နေရာဖြစ်သလို ကိုယ့်ကို ဝေဖန်တဲ့သူတွေ လာတတ်တဲ့နေရာလည်း ဖြစ်နေပါတယ်။
စိုင်းစိုင်းလည်း ရက်များမကြာမီ Facebook မှာ ကိုယ်ထင်ပြန်ပြမယ်လို့ ယူဆရပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved