iPhone 6 အကြောင်း ပေါက်ကြားမှု

Saturday, May 3, 2014

~

 

 

  -
ထပ်ထွက်လာမယ့် iPhone ဆိုပြီး အွန်လိုင်းထဲ ရောက်လာတဲ့ပုံတချို့ကို တွေ့ရလို့ iPhone ပရိသတ်နဲ့ စမတ်ဖုန်းပရိသတ် အများအပြားကြားထဲမှာ အဲဒီပုံအကြောင်း ရင်ခုန်စွာနဲ့ ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေပါပြီ။

 iPhone 6 အကြောင်း ပေါက်ကြားမှုက ပြင်သစ်ဝက်ဆိုက်တခုမှာ ပထမဆုံး ပေါ်ခဲ့၊ အခုတော့ တရုတ် အင်တာနက်ဖိုရမ်တခုကို ရောက်လာပါပြီ။

အရောင်က အမည်းရောင်။ သိပ်မကြာသေးခင်က ထွက်ခဲ့တဲ့ ကောလာဟလ လိုပါပဲ၊
ဒီ iPhone 6 နမူနာ ပုံစံက အရွယ်အစား 138mm  x 64mm လို့ ဆိုပါတယ်။

အဲဒီဖိုရမ် ဆွေးနွေးချက်တွေထဲ iPhone 6 အကြောင်း အသေးစိတ် ဖော်ပြထားခြင်း မရှိပါဘူး။

ဧရာဝတီဘလော့ http://blog.irrawaddy.org ပရိသတ်အတွက် ဖောက်သည်ချရမယ် ဆိုရင်
ပုံထဲ မြင်ရတဲ့အတိုင်း ပါးပါးလေးပါ၊ iPhone 5S ထက် ပိုပြီး ပါးလွှာပါတယ်။

iPhone 6 အကြောင်း ဆိုတဲ့ သတင်းတခု မကြာသေးခင်က ထွက်ပေါ်လာပါသေးတယ်၊ အခု ပုံတွေက အဲဒီသတင်းထဲက အချက်တွေနဲ့ သွားတူနေတာကတော့ စိတ်ဝင်စားစရာကောင်းနေကြောင်း www.digitaltrends.com  သတင်းတပုဒ်မှာ ရေးထားပါတယ်။
ထောင့်ချိုးတွေကလည်း အခု ပုံထဲကအတိုင်း ဖြစ်ပါလိမ့်မယ် တဲ့။

Apple က ဒီဖုန်းအကြောင်း နှစ်ကုန်ပိုင်းမှာ ထုတ်ပြန်မယ်လို့ မျှော်လင့်ရပါတယ်။
 Samsung ကို အနိုင်ယူဖို့ ပုံစံ ၂ မျိုး ထုတ်မယ်လို့ ယူဆရပါတယ် -
 Nexus 5 လိုမျိုး  4.7 လက်မ၊  Samsung Galaxy Note လိုမျိုး
  5.5 လက်မ  ဖြစ်ပါလိမ့်မယ်။
 





 

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved