တိုင်းရင်းသားတပ်ပေါင်းစုရဲ့စစ်ရုံး KIA နယ်မြေမှာ ဖွင့်ထား

Friday, May 9, 2014

~




ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ရဲ့ စစ်ရုံးကို KIA ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မှာ ဖွင့်ထားပြီလို့ သိရပါတယ်။
 

ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်တချို့ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
 .
ဖေဖော်ဝါရီလ ကတည်းက ရုံးဖွင့်လှစ်ထားတာဖြစ်ပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်း ထိခိုက်မှု ရှိမှာ စိုးရိမ်တဲ့အတွက် ဒီသတင်းကို လျှို့ဝှက်ထားတာဖြစ်ကြောင်း တိုင်းရင်းသား လူမျိုးများ  ဖက်ဒရယ်ကောင်စီ(UNFC) ရဲ့ တွဲဘက်အတွင်းရေးမှူး ၂ ခွန်ဥက္ကာက ကြာသပတေးနေ့မှာ ပြောပါတယ်။

မြောက်ပိုင်းစစ်ဌာနချုပ်နယ်မြေ စစ်ရုံးကို  KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်က ဦးဆောင်ကွပ်ကဲနေပါတယ် တဲ့။

ဒီလို စစ်ရုံး ဖွင့်လှစ်ရေး အစီအစဉ်ကို UNFC တည်ထောင်တဲ့ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက သဘောတူခဲ့တာဖြစ်တယ်၊ နောက်ထပ် စစ်ရုံး ၂ ရုံး ထပ်ဖွင့်ဖို့ အစီအစဉ်ရှိတယ်လို့လည်း သူက ဧရာဝတီသတင်းဌာနကို ပြောပါတယ် - ကယားပြည်နယ်မှာ တခု၊ မွန်ပြည်နယ် သို့မဟုတ် ကရင်ပြည်နယ်မှာ တခု ဖြစ်ပါလိမ့်မယ်။

မူရင်းသတင်း

  • Burma Ethnic Alliance Sets Up ‘Federal Army’ Office
http://www.irrawaddy.org/burma/burma-ethnic-alliance-sets-federal-army-office.html

UNFC မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ ပါဝင်ပါတယ်။

UNFC ခေါင်းဆောင်တွေနဲ့ နိုဝင်ဘာလကုန်ပိုင်း ရန်ကုန်မှာ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က  မြန်မာနိုင်ငံမှာ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး၊  ပြည်ထောင်စုတပ်မတော် ထူထောင်ရေး အတွက်  UNFC နဲ့  ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

  • ဆက်စပ်ဖတ်စရာတချို့

အစိုးရနှင့် UNFC တို့၏ အပစ်အခတ် ရပ်စဲရေး မူကြမ်း ၈၀ ရာခိုင်နှုန်း ကွဲလွဲနေ
 http://burma.irrawaddy.org/news/2013/10/31/50315.html

ဂျပန်က UNFC ကို ဒေါ်လာ ၃ သန်း ပေးမည်
 http://burma.irrawaddy.org/short-news/2012/10/19/23262.html

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရန် UNFC တောင်းဆို
 http://burma.irrawaddy.org/%E1%81%80_unfc/2013/07/17/44562.html

အစိုးရ စစ်တပ် စစ်ဆင်ရေးများ UNFC ကန့်ကွက်
 http://burma.irrawaddy.org/news/2014/04/24/57930.html



.

1 comments :

  1. Anonymous said... :

    ဘာပဲပြောပြောချင့်ယုံ။
    ငြိမ်းချမ်းရေး ရ သည်ဖြစ်စေ၊ ရသည်ဖြစ်စေ၊ သိပ်အရေးမကြီးတော့ပါ။
    ရေရှည်မှာအချိန်ဆွဲသူသာ ဒုက္ခရောက်ပါလိမ့်မည်။
ိတိုင်းရင်းသားခေါင်းဆောင်များသည်ထင်ထားသလောက်နိုင်ငံရေးသမားများမဟုတ်ကြကြောင်းတနိုင်ငံလုံးသိသွား၍ဖြစ်ပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved