NLD ဦးတင်ဦး ကျန်းမာရေး ဆေးစစ်ရန် ထိုင်းကိုသွား

Tuesday, May 27, 2014

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက တဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း တင်ဦးဟာ ကျန်းမာရေး ဆေးစစ် မှု ခံယူဖို့ ထိုင်းနိုင်ငံကို ဒီကနေ့ မေလ ၂၇ ရက်နေ့ နံနက် ၁ဝ နာရီခွဲမှာ ရန်ကုန်အပြည်ပြည် ဆိုင်ရာ 
လေဆိပ် ကနေ ထွက်ခွာသွားပါပြီ။ 

 ရန်ကုန်လေဆိပ်တွင် ထိုင်းနိုင်ငံသို့ သွားရန် ဒီမနက်ပိုင်းက မြင်ရတဲ့ ဦးတင်ဦး၊ ဓာတ်ပုံ- ကိုဥာဏ်အေး

အသက် ၈၇ နှစ် ရှိပြီဖြစ်တဲ့ ဦးတင်ဦးဟာ ယခင် စစ်အစိုးရများလက်ထက်ကတည်းက အကျဉ်းထောင် ထဲလ ည်း နေခဲ့ရဖူးသလို နေအိမ်အကျယ်ချုပ်လည်း ကျခံခဲ့ရဖူးတဲ့ ပြည်သူချစ်တဲ့ စစ်သားကြီး လို့ အများ က ကင်ပွန်းတပ်ထားသူလည်းဖြစ်  သူရ ဘွဲ့ ရထားသူလည်း ဖြစ်ပါတယ်။ 





အိမ့်သံစဉ် ~ 


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved