Samsung Galaxy S5 နဲ့ HTC Desire 310

Sunday, May 25, 2014

 ~
 



 ~
ဒီတပတ်မှာတော့ ကမ္ဘာ့အရောင်းရဆုံးစမတ်ဖုန်း စာရင်းမှာ ထိပ်တန်းက ရှိနေတဲ့ စမတ်ဖုန်း အမျိုးအစားတခုဖြစ်တဲ့ Samsung ရဲ့ နောက်ဆုံးထွက် စမတ်ဖုန်း တလုံးဖြစ်တဲ့ ၂၀၁၄ ဧပြီမှာ စတင်ဖြန့်ချိထားတဲ့ Galaxy S5 နဲ့  HTC Desire 310 တို့ အကြောင်း အနည်းငယ် မိတ်ဆက်ပေးလိုက်ပါတယ်။

Samsung ရဲ့ Galaxy Series ကို နှစ်သက်သူတွေအတွက် နောက်ဆုံးထွက်ရှိလာတဲ့ Galaxy S5 မှာတော့ ....

မျက်နှာပြင်အရွယ်အစား
မျက်နှာပြင်အရွယ်အစား ၅.၁” ရှိပြီး အလေးချိန်အားဖြင့် ၁၄၅ ဂရမ် လေးပါတယ်။ ရုပ်ထွက်အရည်အသွေးသာလွန်ကောင်းမွန်တဲ့ FHD Super AMOLED အမျိုးအစားဖြစ်ပါတယ်။


ကင်မရာ

16MP ရှိတဲ့ ကျောဘက်ကင်မရာပါရှိပြီး ရှေ့ဘက်ကင်မရာကတော့ 2MP ရှိပါတယ်။

စိုပြည်တောက်ပတဲ့ ရုပ်ပုံအရည်အသွေးအတွက် HDR( rich tone) နဲ့ auto focus ကို လွယ်ကူလျင်မြန်စွာ ရွေးချယ်နိုင်ခြင်းတွေကိုလည်း လုပ်ဆောင်နိုင်ပါတယ်။

စွမ်းဆောင်ရည် အချက်အလက်များ


Andorid ရဲ့ OS ဖြစ်တဲ့ version 4.4.2 (kit kat) ကို အသုံးပြုထားပြီး CPU ကတော့ Quad-core 2.5 GHz krait 400 ဖြစ်ပါတယ်။ Micro sim card  ထည့်သွင်းအသုံးပြုရမှာဖြစ်ပြီး ဘက်ထရီမှာတော့ Li-Ion 2800 mAh battery ကိုအသုံးပြုထားကာ stand by time 390hr နဲ့ talk time 21hr ကြာရှည်ခံမှာဖြစ်ပါတယ်။

 



သုံးသပ်ချက်

IP67 အဆင့် ရေနှင့် ဖုန်ဒဏ်ခံနိုင်စွမ်းနှင့် အရေးပေါ် mode ၊ ကလေးများသီးသန့် အသုံးပြုနိုင်မည့် kids mode များ နဲ့ တကိုယ်ရည်ကျန်းမားရေးအတွက် အားထားနိုင်မယ့် S Health တို့ ပါဝင်ပါတယ်။ Samsung ရဲ့ အားသားချက်တခုဖြစ်တဲ့ မိမိနှစ်သက်ရာအရောင်ကို ရွေးချယ်နိုင်မှာဖြစ်ပြီး Charcoal Black, Copper Gold, Electric Blue, Shimmery White တွေကို ဈေးကွက်ထဲမှာ ရရှိနိုင်ပါတယ်။

 ☺ ☻ ت ヅ ツ ッ シ Ü ϡ ﭢ. Love ♥ ۵ 웃 유 ღ Phone ✆ ✉ ☎ ☏


HTC Desire 310 ကတော့ Dual Sim ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံမှာ သုံးစွဲနေတဲ့ GSM နဲ့ CDMA sim card တွေကို ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။


မျက်နှာပြင်အရွယ်အစား

၎.၅ လက်မရှိပြီး TFT capacitive touchscreen အမျိုးအစားဖြစ်ပါတယ်။ အလေးချိန် ၁၄၀ ဂရမ် ရှိပါတယ်။

ကင်မရာ

5 MP ရှိတဲ့ ကျောဘက် ကင်မရာပါဝင်ပြီး 180p Full HD ဗီဒီယိုရိုက်ကူးခြင်း ပြုလုပ်နိုင်ပြီး ရှေ့ကင်မရာကတော့ VGA ဖြစ်ပါတယ်။

 


စွမ်းဆောင်ရည် အချက်အလက်များ


Andorid ရဲ့ version 4.2.2 ( jelly bean) ကို သုံးထားပြီး CPU ကတော့ Quad-core 1.3 GHz Cortex-A7 ပါ။

Li-Ion 2000 mAh battery အမျိုးအစား ဖြစ်ပြီး stand by time 852hr နဲ့ talk time 11hr ကြာရှည်ခံမှာပါ။


သုံးသပ်ချက်


နှစ်သက်ရာ sim အမျိုးအစားကို ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး 3G ကွန်ယက်ကို အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

ဈေးနှုန်းအသင့်အတင့်မျှနဲ့ မြန်မာစာစနစ် အသင့်ထည့်သွင်းထားတဲ့ စမတ်ဖုန်း တလုံးကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

 

သီ 











 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved