ဘယ်တော့မှမရိုးတဲ့ အလန်းစား တီရှပ်ဖက်ရှင်

Sunday, May 25, 2014

 ~



  
~

ဒီနေ့ခေတ် ဖက်ရှင်ရေစီးကြောင်းထဲက လူငယ်ယောကျာ်းလေးတွေအတွက် နေ့စဉ်ဝတ်စားဆင်ယင်မှုတွေထဲမှာ ဘယ်တော့မှ ရိုးမသွားဘဲ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနဲ့ အမြဲတမ်း အထာကျနေမယ့် အရာကတော့ ဒီဇိုင်းဆန်းတီရှပ်တွေပဲ ဖြစ်ပါတယ်။

အမျိုးသား၊ အမျိုးသမီး အရွယ်မရွေး ဖက်ရှင် ကို ဦးစားပေးတဲ့ ဒီနေ့လို ခေတ်ရေစီးကြောင်းမှာ လူတိုင်းရဲ့ အဝတ်အစားဗီရိုထဲမှာ တီရှပ်ဟာ မပါ မဖြစ်ပါပဲ။ ဘယ်တော့မှ ရိုးမသွားဘူးဆိုပေမယ့်လည်း တီရှပ် ဒီဇိုင်းဆန်းတွေက တနေ့တမျိုး မရိုးရအောင် အသစ်သစ်တွေ ပေါ်နေပါတယ်။

တီရှပ်တွေမှာဆိုရင်များသောအားဖြင့် အင်္ဂလိပ် စာလုံးတွေ၊ ကာတွန်းရုပ်တွေအစရှိတာတွေနဲ့ ဒီဇိုင်း ထုတ်လေ့ရှိကြပြီး ကာတွန်းဆန်တဲ့ပုံစံတွေ၊ ရေဆေး ပန်းချီပုံစံတွေ၊ တက်တူး ဒီဇိုင်းတွေ၊ အခြား Landmark Status 
ပုံတွေနဲ့ နိုင်ငံတကာက နာမည်ကြီးတွေရဲ့ရုပ်ပုံတွေကို တီရှပ်ရဲ့ ရှေ့ဘက် နဲ့ ကျောဘက်လို နေရာမျိုးတွေမှာ စတစ်ကာအနေနဲ့ ပုံစံထုတ် ရိုက်နှိပ်လေ့ရှိပါတယ်။

တီရှပ် (T-Shirt) ဆိုတဲ့  စကားလုံးကတော့ အင်္ဂလိပ်အက္ခရာ  T ပုံသဏ္ဌာန်ရှိတဲ့  အင်္ကျီလို့ အဓိပ္ပာယ်ရပြီး ၁၉ ရာစုလောက်က အောက်ခံအဝတ် အစား (အတွင်းခံအင်္ကျီ) အဖြစ် အမေရိကန်နိုင်ငံမှာ စတင် ပေါ်ပေါက်ခဲ့တယ်လို့သိရတယ်။
T-Shirt ကို အမေရိကန်အင်္ဂလိပ်စာလုံးအဖြစ် Merriam - Webster အဘိဓာန်ကနေ ၁၉၂၀ မှာ  တရားဝင်သတ်မှတ်ခဲ့တယ်လို့ အင်တာနက်မှာ ရှာဖွေမှတ်သားဖူးပါတယ်။

တီရှပ်တွေမှာ စတစ်ကာစာလုံး လိုဂိုတွေ ဒီဇိုင်းဖောက်တာနဲ့ ပတ်သက်ပြီး ၁၉၃၉ ခုနှစ်မှာ ဟောလိဝုဒ် ရုပ်ရှင်ဇာတ်ကား The Wizard of Oz ရဲ့ အမှတ်တံဆိပ် Oz ကို ပထမဆုံး စတင်ထုတ်လုပ်ခဲ့ဖူးတယ်လို့လည်း ဖတ်ရဖူးပါတယ်။

၁၉၇၆ ခုနှစ်လောက်မှာတော့ ကလေးတို့ရဲ့ အချစ်တော် ဒစ္စနေ ကာတွန်းကမ္ဘာထဲက Mickey Mouse နဲ့  Davy Crockett   အစရှိတဲ့ ကာတွန်း ဇာတ်ကောင်ရုပ်လေးတွေနဲ့ တီရှပ် စတင်ခေတ်စားလို့လာပါတယ်။

၁၉၆၀ ပြည့်လွန်နှစ်များမှာတော့ တီရှပ်ဖက်ရှင်ဟာဆိုရင် လူငယ်တွေအတွက် Rock & Roll ဖက်ရှင်ဆိုပြီး ဝတ်လာကြပါတယ်။

အင်္ဂလန်နိုင်ငံမှာတော့ ၁၉၈၀ အလွန်နှစ်များအတွသ်ဒ တီရှပ်မှာ အင်္ဂလိပ်စာလုံး ခပ်ကြီးကြီးတွေကို စာလုံးနက်နက်နဲ့ ပုံဖော်ထားတဲ့ ဒီဇိုင်းတွေ စပြီးခေတ်စားလာခဲ့တယ်လို့ သိရတယ်။

အရင်ခေတ်တွေကတည်း ခေတ်အဆက်ဆက် ခေတ်စားခဲ့တဲ့ တီရှပ်တွေဟာဆိုရင် ခုချိန်ထိဆန်းသစ်တဲ့ ဒီဇိုင်းအမျိုးမျိုးနဲ့ ပုံစံအမျိုးမျိုး ခေတ်စားနေဆဲပါပဲ။

 ဒီနေ့ခေတ်လို အချိန်ခါမှာဆိုရင် စုံတွဲဝတ် တီရှပ်တွေ၊ ကုန်ပစ္စည်း ပရိုမိုးရှင်းလုပ်တဲ့ တီရှပ်တွေ၊ အသင်းအဖွဲ့ကိုယ်စားပြု တီရှပ်တွေ၊ အမှတ်တရ တီရှပ်တွေ၊ ဆန္ဒပြသူတွေ ဆန္ဒသဘောထား ကြေညာချက်တွေ ရေးသားထား တဲ့ တီရှပ်တွေ အစရှိသဖြင့် ကိုယ့်စိတ်ကြိုက် ကိုယ့်
  ဒီဇိုင်းနဲ့  ကိုယ်ကြိုက်တဲ့ လိုဂိုစတစ်ကာတွေ   ရိုက်နှိပ်ပြီးလည်း ဝတ်ဆင်နေကြပါပြီ။

တီရှပ်ဝတ်တဲ့သူတွေ အနေ နဲ့ မဝတ်သင့်တဲ့ တီရှပ်တမျိုးက တော့ နာဇီတံဆိပ်ပုံပါတဲ့ တီရှပ် မျိုးလို့ ဆိုချင်ပါတယ်။ ဘာဖြစ် လို့လဲ ဆိုတော့ နာဇီ တံဆိပ်က ရက်စက်ကြမ်းကြုတ်မှုကို အား ပေးအားမြှောက်ပြုတဲ့ သင်္ကေတ တခု ဖြစ်လို့ပါပဲ။ ဒါကိုဝတ်တဲ့သူ တော်တော်များများက ဒီအကြောင်းအရာကို မသိဘဲ ဝတ်နေကြတာ ဖြစ်ပါတယ်။ သိတဲ့သူကတော့ ခပ် ရှားရှားပါးပါးပဲ။ နှံ့နှံ့စပ်စပ်ရှိတဲ့သူ အချို့လောက် ကသာ သိကြလိမ့်မယ် ထင်ပါတယ်။

ဒီတပတ်မှာတော့ ဧရာဝတီ ခေတ်ရေစီးစာဖတ် ပရိသတ် လူငယ်တွေအတွက် ဖက်ရှင်ကျတဲ့ နေ့စဉ် လူနေမှုဘဝထဲမှာ လွယ်ကူရိုးရှင်းပြီး အထာကျတဲ့ ဝတ်စားဆင်ယင်မှုဖြစ်အောင် အမြန်ဆုံး ဖန်တီးနိုင်တဲ့ အမျိုးသားဝတ် တီရှပ်ဒီဇိုင်း အသစ်တွေကို မိတ်ဆက်ပေးလိုက်ပါတယ်။

အမျိုးသားဝတ် တီရှပ်ဈေးနှုန်းတွေ အနေနဲ့ကတော့ ငါးထောင်ဝန်းကျင်လောက် ကစလို့ သောင်းဂဏန်းကျော်ကျော်လောက် အထိ တံဆိပ်အမျိုးအစားပေါ် မူတည်ပြီး ဈေးနှုန်းအစားစား  ဒီဇိုင်းအမျိုးမျိုး  ရှိပါ တယ်။ အခု ဖော်ပြထားတဲ့ တီရှပ်တွေဟာဆိုရင် အဖြူနဲ့ အနက်ကို အခြေခံထားပြီး စတစ်ကာခပ်ကြီးကြီး ပုံဆန်းတွေနဲ့ ဒီဇိုင်းလန်းအောင် ဖန်တီးထုတ်လုပ်ထားတဲ့ အမိုက်စားတီရှပ်တွေပဲ ဖြစ်ပါတယ်။



 (မေလ ၁၈  ရက်နေ့ထုတ် The Irrawaddy ဂျာနယ်ကနေ ကူးယူ ဖော်ပြပါတယ်။ တီရှပ်ပုံတွေကိုတော့ ရန်ကုန်၊ ကျောက်တံတားမြို့နယ် အနော်ရထာလမ်းမှာရှိတဲ့ ရွှေလွန်းပျံ အမျိုးသားဝတ်ဖက်ရှင်ဆိုင်မှာ ရိုက်ကူးထားတာဖြစ်ပါတယ်)

  
  

ဒီတီရှပ်နဲ့ အပေါ်ဆုံးက ငှက်ပျော်ဖီးပုံတီရှပ်က ကျပ် ငါးထောင်တန်ထဲ ပါပါတယ်။

ဒါက ကျပ် ကိုးထောင်

ကိုးထောင်

ရှစ်ထောင့်ငါးရာ

ဒါနဲ့ အောက်ကဟာက ၇,ဝဝဝ
 
 

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved