မြန်မာ မယ်စကြာဝဠာ ၂ဝ

Wednesday, June 18, 2014

 ~

 
ဒီနှစ်ကုန်ပိုင်း မယ်စကြာဝဠာပွဲကို မြန်မာပြည် ကိုယ်စားပြုပြီး သွားပြိုင်မယ့်သူက ဘယ်သူဖြစ်မလဲ ဆိုတာ  ဇူလိုင် ၂၆ ဆိုရင် သိရပါမယ်။

 


ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ
 

အဲဒီနေ့ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ Myanmar Miss Universe 2014 ကျင်းပပါမယ်။ အဲဒီနေ့ အဲဒီနေရာမှာ အလှပြ ဥာဏ်ရည်ပြကြမယ့် အလှမယ်တွေကို ဆန်ကာတင်ရွေးပြီးပါပြီ။ စုစုပေါင်း အယောက်နှစ်ဆယ်။
  အဲဒီပွဲမှာ သရဖူဆောင်းသူက မယ်စကြာဝဠာပွဲကြီးကို တက်ရပါမယ်။
သရဖူဆုအပြင် တခြားသောဆုတွေကိုလည်း ရွေးပါမယ်။
မယ်ပြိုင်ပွဲတို့ရဲ့ ထုံးစံအတိုင်း တခြားဆုတွေကလည်း အရေးပါပါလိမ့်မယ်။

ထိုင်းနိုင်ငံမှာ မယ်စကြာဝဠာပွဲသွားဖို့ ပြင်ဆင်နေတဲ့ အလှမယ်က သူ့သရဖူကို စွန့်လွှတ်တဲ့အတွက် သူ့နေရာကို နောက်ထပ် အလှမယ်တယောက် အစားထိုးပါလိမ့်မယ်။
ဒီတော့ တခြားသောဆုတွေကလည်း သူ့နည်းသူ့ဟန်နဲ့ အရေးပါတယ် ဆိုတာ သေချာပေါက် သေချာနေပါပြီ။

http://blog.irrawaddy.org/2014/06/blog-post_10.html

မြန်မာအလှမယ်များအကြောင်း ပြန်ဆက်ရရင်... အမျိုးသားကဇာတ်ရုံမှာ သွားရောက် ရင်ခုန်ဖို့အတွက်က အချိန် တလကျော် လိုပါသေးတယ်။
ဒီအတောအတွင်း သူတို့ဟာ မြန်မာပြည်တွင်း ခရီးတိုတချို့ ရှိပါမယ်။
ပြီးရင် ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေမြို့မှာ သူတို့ကို စခန်းသွင်း လေ့ကျင့်ပေးမှာပါ။
စီစဉ်သူတွေကတော့ အလှမယ်တွေကို သင်တန်းကျောင်းတွေမှာ သေသေချာချာ လေ့ကျင့်ပြင်ဆင်ပေးဖို့ အစီအစဉ် ရှိပါတယ်လို့ ဧရာဝတီကို ပြောခဲ့ဖူးပါတယ်။

ထိုင်းမှာတောင် ရွေးပြီးသွားပြီ၊ မြန်မာက နောက်မကျဘူးလား မေးရင် သိပ်ပြီး နောက်မကျဘူးလို့ ဆိုရမယ်။
စင်္ကာပူမှာလည်း မရွေးရသေးပါ။ မြန်မာထက် ၂ ပတ် နောက်ကျပြီးမှ ရွေးပါမယ် တဲ့။
တရုတ် ဆိုရင် စက်တင်ဘာ လလယ်ပိုင်းမှ ရွေးမှာပါ။

ဒီလ ၁၀ ရက်နေ့ ရန်ကုန်မြို့ ကန်တော်ကြီး ကရ၀ိတ်မှာ တွေ့ရတဲ့

မြန်မာအလှမယ်တွေရဲ့ ပုံရိပ်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။
  •  ဆန်ကာတင် ၂၀

 ခြူးနဒီခင်၊ ရွှေစင်ကိုကို၊
ပိုအိဖြူစင်၊ ဆွီတီကို၊


စုနန္ဒာအောင်၊ ဇွန်သံစဉ်၊
ခိုင်မီမီဇော်၊ သော်ရီကျော်၊

Queenie, လင်းလက်ဝင့်၊
ယွန်ရတီ၊ J Naw,


ပိုးကြာဖြူ၊ ဇူဇူမြင့်လွင်၊
ဆုမြတ်နိုးကျော်၊ ယွန်းမှီမှီကျော်၊

ဟေဇယ် ညီညီထွန်း၊ သျှားထွဋ်အိန္ဒြာ၊
မေဇင်မာကို၊ အိမ့်မြတ်နိုး၊ 



ရေကူးဝတ်စုံ ၀တ်ရမှာရှက်တဲ့ Myanmar Miss Universe မိုးစက်ဝိုင်
  •  အင်တာဗျူး
http://burma.irrawaddy.org/interview/2013/10/05/49086.html 
 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved