~
~
မြန်မာ့ဇာတ်သဘင်လောကမှာ လက်ဝဲသုန္ဒရဇာတ်ထုပ်၊ ဗုဒ္ဓဝင်ဖွားတော်မူခန်း၊ လေးတော်တင်ခန်း၊ တောထွက်ခန်းစတဲ့ ဇာတ်တော် ကြီးများနဲ့ အောင်မြင်ထင်ရှားခဲ့တဲ့ အလင်္ကာ ကျော်စွာ ရွှေမန်းတင်မောင် ပုံတူ ကြေးရုပ်ထုကို မန္တလေးမြို့လယ်မှာ တွေ့နေရပါပြီ။ မန္တလေးမြို့ အမျိုးသားကဇတ်ရုံကြီးမှာပါ။
ရွှေမန်းသဘင် မျိုးဆက်များက ဦးဆောင်ပြီး ဇွန် ၈ ရက်နေ့က ကြေးရုပ်ထု ဖွင့်ပွဲ ပြုလုပ်ခဲ့တာပါ။
အဲဒီ အမျိုးသားကဇာတ်ရုံကြီးမှာ နေမျိုးဗလကျော်သူဘွဲ့ရ ရွာစားကြီးစိန်ဗေဒါ၊ နန်းတော်ရှေ့ ဆရာတင်၊ လေဘာတီမမြရင်၊ အလင်္ကာကျော်စွာ ဒေါ်စောမြအေးကြည် စတဲ့ သဘင်နဲ့ ဂီတပညာရှင်ကြီးများရဲ့ ကြေးရုပ်ထုတွေ့ ကိုလည်းတွေ့ မြင်ရပါတယ်။
(ဓာတ်ပုံများ - တေဇလှိုင်/ဧရာဝတီ)

ရွာစားကြီးစိန်ဗေဒါ ကြေးရုပ် |
လေဘာတီမမြရင် ကြေးရုပ် |
နန်းတော်ရှေ့ဆရာတင် ကြေးရုပ် |
ဒေါ်စောမြအေးကြည် ကြေးရုပ် |
ရွှေမန်းတင်မောင် ကြေးရုပ်တုကျောက်စာတိုင်ကို |
0 comments :
Post a Comment