နန်းခင်ဇေယျာရဲ့ ပထမဆုံး ဗီဒီယိုဇာတ်ကား “အက်တိုးပစ် အပျိုစင်”

Friday, June 20, 2014

နန်းခင် ပထမဦးဆုံးသရုပ်ဆောင်ရိုက်ကူးထားတဲ့ ဗီဒီယိုဇာတ်ကားဖြစ်တဲ့ “အက်တိုးပစ် အပျိုစင်” မနက်ဖြန် သောကြာနေ့မှာ စတင်ဖြန့်ချီတော့မယ်လို့ သိရပါတယ်။ 

 ဓာတ်ပုံ- နန်းခင်ဇေယျာ ဖေ့စ်ဘုတ်

ဒီဇာတ်ကားမှာ ကိုခန့်စည်သူ ၊ နန်းခင်ဇေယျာ ၊ မေပန်းချီ နှင့် သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင် ထားကြ ပါတယ်ရှင်။ 

ဆရာမ ယဉ်မင်းဦး (ဆေးတက္ကသိုလ်) ရဲ့ ဝတ္ထုကို ကိုမင်းခိုက်စိုးစံ နဲ့ ထက်မြတ်နိုင်ဇင် တို့က ဇာတ်ညွှန်း
ရေးသားပေးထားပြီး ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင် က ရိုက်ကူးပေးထားပါတယ်။ 

ထုတ်လုပ်သူကတော့ Lucky Boss ဗီဒီယိုထုတ်လုပ်ဖြန့်ချီရေးပါ။ ဒီ Drama ဇာတ်လမ်းလေးမှာ နန်းခင် ပထမဦးဆုံးအနေနဲ့ သရုပ်ဆောင်ရတဲ့ အတွက် အခက်အခဲအများကြီးရှိခဲ့ပါတယ်။ 

နန်းခင် ကြိုးစား သရုပ်ဆောင်ဖို့ စိတ်ရှည်စွာဖြင့် သင်ကြားပြသလမ်းညွှန်ပေးကြပါသော ကိုခန့်စည်သူ ၊ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် နဲ့ တကွ သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာများအားလုံး ၊ အတူတကွ သရုပ်ဆောင်ခဲ့ကြသော အကို အမများ ၊ စက်အဖွဲ့များအားလုံး နှင့် မိတ်ကပ်ပြင်ဆင်ပေးပါသော စကားဝါ စာစာ နှင့် Lucky Boss ဗီဒီယိုထုတ်လုပ်ဖြန့်ချီရေး နှင့် ကြည့်ရှုအားပေးကြတဲ့ နန်းခင် ရဲ့ ချစ်ပရိသတ်များ ၊ Online မှာကြည့်ရှုအားပေးခဲ့ကြသော ချစ်ပရိသတ်များ ၊ April 2014 မှာ ထွက်ရှိခဲ့တဲ့ “ဧပရယ်ညွှန်းစာဖွဲ့” သင်္ကြန်ဇာတ်ကားလေးကို အားပေးခဲ့ကြတဲ့ ချစ်ပရိသတ်များ အားလုံးကို နန်းခင် ကျေးဇူးအထူး(အထူး) တင်ပါတယ်ရှင်။  

နန်းခင် ဆက်လက်ကြိုးစားသွားပါ့မယ်ရှင်။ 

“အက်တိုးပစ် အပျိုစင်” ဇာတ်ကားလေးကို ကြည့်ရှုပြီး လိုအပ်သည်များကို မေတ္တာဖြင့် လမ်းညွှန်ပေးကြပါ လို့ တောင်းဆိုပါရစေရှင်။ 

Nang Khin Zay Yar / Facebook မှ ပြန်လည် မျှဝေလိုက်ပါတယ်။။။ 








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved