တာဝါတိုင် ကို ဖြိုဖျက်ရန် ရောက်လာသည့် မြေတူးစက်၊ ဓာတ်ပုံ- ဧရာဝတီ
အော်ရီဒူး ကုမ္ပဏီဟာ ဇေယျာအောင်မြေလမ်းရှိ ဒေါ်သန်းအေး ဆိုသူ၏ ခြံမြေကို ငှားရမ်းခဲ့ပြီး တာဝါတိုင် စိုက်ထူဖို့ လုပ်ဆောင်လာရာ အိမ်နီးဝန်းကျင် (၉) အိမ်က တာဝါတိုင်စိုက်ထူမယ့် နေရာဟာ သူတို့နေအိမ်
တွေနဲ့ ကပ်နေတာ ဖြစ်တဲ့အတွက် ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။
အခုလို အော်ရီဒူး ကုမ္ပဏီကို ကန့်ကွက်တာနဲ့ ပတ်သက်ပြီး ဇေယျာအောင်မြေလမ်းနေ အမည်မဖော်လိုတဲ့ အမျိုးသမီးငယ်တစ်ဦးက “ သူတို့က တာဝါတိုင်ထောင်ဖို့လုပ်နေတာ တနှစ်လောက်ရှိနေပြီ။ သမီးတို့ သိရ တာက ရက် ၂၀ လောက်ဘဲ ရှိသေး တယ်။ ဘေးနားအိမ်တွေက ဆိုးကျိုးတခုခု ဖြစ်လာမှာ စိုးရိမ်တာပေါ့။
အော်ရီဒူး ကုမ္ပဏီကို မေးကြည့်တော့ သူက ဆောက်မှာတဲ့၊ အင်ဂျင်နီယာတွေကို ငှားထားပြီပေါ့။ သမီးတို့ က လူနေအိမ်တွေနဲ့ ဝေးဝေးမှာ လုပ်ပါလား ဆိုတော့ သူတို့က လက်မခံဘူး။ ဒါနဲ့ သမီးတို့ ဘေးအိမ် ပတ် ပတ် လည်က သဘောမတူကြဘူး။ ကန့်ကွက်ကြောင်း လက်မှတ်ထိုးပြီး ရပ်ကွက်ဥက္ကဋ္ဌကို စာတင်တယ် ” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ အော်ရီဒူးကုမ္ပဏီ၏ မိုဘိုင်းလ်တာဝါတိုင် စိုက်ထူးဖို့ ကန့်ကွက်တဲ့အရေးကို ရပ်ကွက်ဥက္ကဋ္ဌ မှ မြို့နယ်အုပ် ချုပ်ရေးရုံးကို စာတင်ပေးရာ မြိ့နယ်အုပ်ချုပ်ရေးရုံးက အော်ရီဒူးကုမ္ပဏီကို အစိုးရက တရားဝင် ခွင့်ပြုထားတာဖြစ်၍ ၄င်းတို့နဲ့ မသက်ဆိုင်ကြောင်း အကယ်၍ ရပ်ကွက်က သဘောမတူပါက အော်ရီဒူး ကုပ္မဏီ နဲ့ သာ တိုက်ရိုက်ပြော ဆိုပါ ဟူ၍ ပြန်စာပေးလိုက်သည်ဟု ကန့်ကွက်သူတွေက ဆိုသည်။
အော်ရီဒူး ကုမ္ပဏီဟာ တာဝါတိုင် စိုက်ထူဖို့ကို ဇွန်လ ၈ ရက်နေ့က ဘတ်ဖိုးမြေတူးစက် တစီးနှင့် အင်ဂျင်နီယာတွေ လာရောက်တိုင်းတွာနေချိန်မှာ ကန့်ကွက်သူတွေက တားမြစ်ခဲ့တာကြောင့် ကုမ္ပဏီ ဘက်က ရပ်ဆိုင်းခဲ့ရသည်။
မြေနေရာ ငှားရမ်းထားကတော့ တနှစ်ဝန်းကျင်ရှိနေပြီ ဖြစ်သည်။
“ ဇွန်လ ၁၇ ရက်နေ့က ဘတ်ဖိုးကားကို ပြန်ယူသွားတယ်။ မနေ့က နဲ့ ဒီနေ့မှာ နောက်အင်ဂျင်နီယာတဖွဲ့ လာကြည့် တယ်။ ပထမအင်ဂျင်နီယာအဖွဲ့က မလုပ်တော့ဘူးလို့ ပြောသွားတယ်။ အခု နောက်ထပ်တဖွဲ့ ထပ်လာတာပေါ့။ သူတို့ ဒီမှာ ဆက်လုပ်မယ့် ပုံဘဲ” ဟု ကန့်ကွက်သူတွေဘက်က ပြောဆိုချက်အရ သိရသည်။
ငြိမ်းဇော် ~
0 comments :
Post a Comment