နေပြည်တော်အနီး မြေ ငလျင် လှုပ်ခတ်

Sunday, June 8, 2014

ဒီကနေ့ နေ့လယ်ပိုင်း က မြန်မာနိုင်ငံ နေပြည်တော် အနီး ပျဉ်းမနားမြို့တောင်ဘက် ၁၈ ကီလိုမီတာနေရာ ကို ဗဟိုပြုပြီး အင်အား ၄.၆ ပြင်းအားရှိ မြေငလျင် တခုဟာ မြေပြင်အောက် ၃၅.၄ ကီလိုမီတာ အနက်မှာ လှုပ်ခတ်သွားတာဖြစ်တယ်လို့ အမေရိကန်အခြေစိုက် မြေငလျင် တိုင်းတာရေး USGS က ဒီကနေ့ သတင်း ထုတ်ပြန်ထားပါတယ်။ 


ထိုင်း လူမှု ကွန်ရက်တွေမှာတော့ မကြာမီက ထိုင်း နိုင်ငံမြေငလျင်လှုပ်ခတ်တာနဲ့ ပတ်သက်တဲ့ ဝေဖန် မှုတွေ ပျံ့နှံ့နေပါတယ်။ 

ထိုင်း နိုင်ငံ မြောက်ပိုင်း ချင်းမိုင်၊ ချင်းရိုင် နယ်ဘက်မှာ မကြာခင်က မြေငလျင်တွေဆက်တိုက်လှုပ်ခဲ့အပြီး ထိုင်း မြောက်ပိုင်းသူ ဝန်ကြီးချုပ် မစ္စ ယင်လတ် ရာထူးက နုတ်ထွက်ပေးသွားခဲ့ရပြီး နောက်ဆုံး စစ်အာဏာ သိမ်းခံခဲ့ရတယ်လို့ ဆိုကြတယ်။ 

တခါ စစ်အာဏာသိမ်း လက်ထက် လည်း နောက်ဆက်တွဲ မြေငလျင်တွေ ဆက်တိုက်လှုပ်နေလို့ ထိုင်း စစ်ကောင်စီကိုလည်း မကြာဘူးလို့ ဝေဖန်ကြပါတယ်။ 
 
ဒီကနေ့ ဇွန်လ ၈ ရက်နေ့ တရက်တည်းမှာပဲ ကမ္ဘာတဝန်း မြေငလျင် လှုပ်ခတ်မှုဟာ နေရာပေါင်း ၈ဝ မှာ လှုပ်ခတ်သွားတယ်လို့ မြေငလျင်တိုင်းတာရေး ဌာန USGS က ကြေညာထားပါတယ်။ 


အိမ့်သံစဉ် ~ 









0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved