ရန်ကုန်သူတွေက ပိုပြီး ချောမော၊ ထက်မြက်ကြသလား

Monday, June 9, 2014

 ~
 

စနေနေ့က ရန်ကုန်မှာ လုပ်သွားတဲ့ မယ်ရွေးပွဲကြီးတခုမှာ အလှမယ် ၂၆ ယောက် ရွေးပါတယ်။ အဲဒီထဲ အများစုက ရန်ကုန်က လို့ ဆိုတယ်။ မေးခွန်းတခု ပေါ်လာတာကတော့ ... ရန်ကုန်သူတွေက ပိုပြီး ချောမော၊ ထက်မြက်ကြသလား ဆိုတာပါပဲ။.



  ဖားအံ၊ မိုးကုတ်၊ ရွှေကူ၊  လားရှိုး၊  မြစ်ကြီးနား၊  မော်လမြိုင် ၆ မြို့က ၁ ဦးစီ၊ မန္တလေးက ၂ ဦး၊ ရန်ကုန်က ၁၈ ဦး အရွေးခံရပါတယ်။

ရန်ကုန်က အလှမယ် ပိုမို ထွက်ရခြင်း၊ ပြိုင်သူများရခြင်းအကြောင်းက လူဦးရေနဲ့သတင်းအချက်အလက်ကြောင့် ဖြစ်နိုင်ပါတယ်။

ရန်ကုန်နဲ့ဝန်းကျင်မှာ လူဦးရေ ၈ သန်း နေထိုင်တယ်လို့ သိရပါတယ်။
သတင်းအချက်အလက်ကလည်း မီဒီယာအစုံလွှမ်းခြုံတဲ့ရန်ကုန်မှာ ပိုပြည့်စုံတယ်မဟုတ်လား။

ရန်ကုန်မှာလုပ်တဲ့ပွဲ ဆိုတော့ ရန်ကုန်သူတွေက ပိုပြီး ၀င်ပြိုင်ဖြစ်ပါလိမ့်မယ်။ အိမ်ရှင်ဆိုတော့ တပန်းသာပါတယ်။ တကူးတက ဧည့်သည်သွားလုပ်စရာမလိုပါဘူး။ 

ဒီအချက်တွေကြောင့် ရန်ကုန်သူတွေက မယ်ပြိုင်ပွဲထဲ ရောက်လာကြတာ ဖြစ်ပါလိမ့်မယ်။
  ချောမော၊ ထက်မြက်မှုကတော့ သိပ်ပြီး နယ်ရွေးမယ် မထင်ပါ။

ပြိုင်ပွဲမှာ ရွေးချယ် အကဲဖြတ် အမှတ်ပေးပုံနဲ့ ပတ်သက်ပြီး ပြိုင်ပွဲကော်မတီက အွန်လိုင်းမှာ အခုလို ရေးထားပါတယ် … 

ပြိုင်ပွဲဝင်များကို Swimsuit နှင့် Interview Round များဖြင့် ယှဉ်ပြိုင်စေခဲ့ပါတယ်...

Swimsuit Round မှာ ခန္ဓာကိုယ်အချိုးအစားအသားအရေကိုယ်နေဟန်ထားတို့ ကို အကဲဖြတ်အမှတ်ပေးခဲ့ကြပြီး  Interview Round မှာတော့

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နှင့် ပရဟိတ၊
ပညာရေး၊ စာပေ၊ အနုပညာ၊
လူ့ အခွင့်အရေး၊ အားကစား၊ Tourism ၊

အထွေထွေဗဟုသုတ ဆိုင်ရာ မေးခွန်းများကို မေးမြန်းခဲ့ပြီး ပြိုင်ပွဲဝင်လေးများ၏ ဥာဏ်ရည်ဥာဏ်သွေးထက်မြက်မှုနဲ့ စိတ်နေစိတ်ထား၊ ခံယူချက်တို့ ကောင်းမွန်မှန်ကန်မှုတို့ ကို စစ်ဆေးရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်...
လှနေရုံနဲ့ မပြီးဘူး.... စိတ်နေသဘောထား၊ ဥာဏ်ရည်ထက်မြက်မှုကလည်း အရေးကြီးတယ် ဆိုတဲ့ သဘောပေါ့။ အလှမယ်ရွေးပွဲ ဆိုတော့ လှတပတကိုပဲ ရွေးတယ်လို့ ယူဆသူလည်း မနည်းဘူး မဟုတ်လား။

အလှအပကို ဘယ်လို တွက်သလဲ ...

အလှအပကို ရုပ်ရေချောမောခြင်းအပြင် ... ခန္ဓာကိုယ်အချိုးအစား၊ အသားအရေ၊ ကိုယ်နေဟန်ထား ဆိုတဲ့ သုံးချက်ကိုပါ ထည့်တွက်တယ် တဲ့။


ဆန်ကာတင်စာရင်းဝင်သူတွေရဲ့ ဓာတ်ပုံတွေကိုတော့ ...  ဒီဘလော့မှာ မယ်ရွေးပွဲကြီးမှာ ဘယ်လို အမှတ်ပေးသလဲ  http://blog.irrawaddy.org/2014/06/blog-post_4812.html ဆိုပြီး တနင်္ဂနွေညနေပိုင်းက တင်ခဲ့ပြီးပါပြီ။


ပြိုင်ပွဲကော်မတီက အွန်လိုင်းမှာ တွေ့ရတဲ့ ဆန်ကာတင်အရွေးခံရသူ ၂၆ ယောက်ရဲ့ အမည်၊ အသက်၊ အရပ်အမောင်း၊ ဒေသတို့ကို ကူးယူ ဖော်ပြလိုက်ပါတယ် … 
 
No  (41) မအေးကြွေ , ၁၈နှစ် , ၅ပေ၈လက်မ , ဖားအံ
 No (25) အိမွန်ခိုင် , ၂၁နှစ် , ၅ပေ၇.၅လက်မ , ရန်ကုန်

 No (22) မေမဒီခင် , ၂၂နှစ် , ၅ပေ၅.၅လက်မ , ရန်ကုန်
 No (1) အိမ့်မျက်ခြယ် , ၂၂နှစ် , ၅ပေ ၇လက်မ , မော်လမြိုင်

 No (12) ယွန်းမီ , ၂၁နှစ် , ၅ပေ၆လက်မ , ရန်ကုန်
 No (14) နီနီမင်းသူ , ၂၁နှစ် , ၅ပေ၇.၅လက်မ , ရန်ကုန်

 No (6) သန္တာကို , ၂၃နှစ် , ၅ပေ၈လက်မ , မိုးကုတ်
 No (42) ဆုလာဘ်ဗိုလ် , ၁၈နှစ် , ၅ပေ၅.၅လက်မ , ရန်ကုန်

 No (32) ဟယ်လင်မျိုးကို , ၂၅နှစ် , ၅ပေ၇လက်မ , ရန်ကုန်
 No (9) ရွှန်းလဲ့ဝေ , ၁၇နှစ် , ၅ပေ၅လက်မ , ရန်ကုန်

 No (39) နန်းစန္ဒီမြတ်မိုး , ၂၃နှစ် , ၅ပေ၅.၅လက်မ , လားရှိုး  
No  (30) မေနှင်းသူ , ၂၁နှစ် , ၅ပေ၇လက်မ , ရန်ကုန်

 No (10) ပန်းအိဖြူ , ၂၂နှစ် , ၅ပေ၆လက်မ , ရန်ကုန်  
No  (7) သုသုမြတ်နိုး , ၂၃နှစ် , ၅ပေ၉လက်မ , ရန်ကုန်  

No  (36) M-ဂျာဆိုင်း , ၂၁နှစ် , ၅ပေ၈လက်မ , မြစ်ကြီးနား  
No  (4) နန်းစံ , ၂၁နှစ် , ၅ပေ၅လက်မ , ရန်ကုန်  

No  (26) ရှင်ဝေနိုင်ဦး , ၁၉နှစ် , ၅ပေ၆လက်မ , ရန်ကုန်
 No  (40) အိန်ဂျယ်(လ်)လမုန် , ၁၇နှစ် , ၅ပေ၉လက်မ , မန္တလေး

 No  (38) သူသက်စုညွန့် , ၁၉နှစ် , ၅ပေ၈လက်မ , ရန်ကုန်  
No  (33) သင်းသဲဗိုလ် , ၁၉နှစ် , ၅ပေ၇လက်မ , ရန်ကုန်  

No  (5) ခိုင်လဲ့ဇင် , ၂၁နှစ် , ၅ပေ၅.၅.လက်မ , ရန်ကုန်  
No  (2) ချစ်စနိုးအောင်အောင် , ၁၈နှစ် , ၅ပေ၅.၅လက်မ , ရန်ကုန်  

No  (18) ဖူးမျက်ခြယ် , ၁၉နှစ် , ၅ပေ၇လက်မ , ရန်ကုန်  
No  (21) ဇင်သီရိဝင်း , ၂၀နှစ် , ၅ပေ၇လက်မ , မန္တလေး  

No  (19) နန်ဘောက် , ၂၁နှစ် , ၅ပေ၇.၅လက်မ , ရွှေကူ  No  
(15) ဟန်သီ , ၁၇နှစ် , ၅ပေ၈လက်မ , ရန်ကုန် 

အလှမယ်ပြိုင်ပွဲဝင်သူတွေအတွက် စည်းကမ်းချက်ကိုလည်း အခုလို တွေ့ရပါတယ်...


  • ပြိုင်ပွဲဝင်များလိုက်နာရန်Final Audition အတွက် စကာတင်အရွေးချယ်ခံရသည့်ပြိုင်ပွဲဝင်များ နေ့ လယ် (၁)နာရီအချိန်တိတိ အရောက် လာရောက်ရပါမည်။
  • အရပ်၊ ခန္ဓာကိုယ်အတိုင်းအတာ ၊ ကိုယ်အလေးချိန် တိုင်းတာစစ်ဆေးပါမည်။
  • Two Piece (Swimsuit) ၀တ်ဆင်ရမည်။ (Swimsuit Round ယှဉ်ပြိုင်စဉ်အတွင်း Judging Room အတွင်း အကဲဖြတ်ဒိုင်များသာ ရှိနေမည်ဖြစ်ပြီး ဓာတ်ပုံ၊ video ရိုက်ကူးခွင့်ပြုမည်မဟုတ်ပါ။)
  • (၆)လက်မဒေါက်မြင့်ဖိနပ်စီးလာရမည်။
  • ခန္ဓာကိုယ်အလှကို ပေါ်လွင်စေမည့် ဒူးဖုံးသည့် Cocktail Dress အတိုအကြပ် ၀တ်ဆင်လာရမည်။
  • မိဘအုပ်ထိန်းသူ တစ်ဦးလိုက်ပါနိုင်ပါသည်။





 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved