ရွှေမြန်မာလေကြောင်းလိုင်းရဲ့ မန္တလေး-အင်ဖာ ခရီး

Tuesday, June 24, 2014

 ~

 

 
ရွှေမြန်မာက မန္တလေး - အင်ဖာ ခရီးစဉ်ကို လာမယ့် သောကြာနေ့မှာ ပြန်လည် ပျံသန်းမယ်လို့ သိရပါတယ်။

အင်ဖာမြို့က အိန္ဒိယမြန်မာနယ်စပ် မဏိပူပြည်နယ်မှာ တည်ရှိပါတယ်။ အဲဒီပြည်နယ်က စစ်ကိုင်းတိုင်းနဲ့ ကပ်လျက်ပါပဲ။

သောကြာနေ့က ဇွန် ၂၇ ရက်နေ့ ကျပါတယ်။
အပြန်ခရီးက ဇူလိုင် ၃ ရက်နေ့ ကြာသပတေးနေ့ဖြစ်လိမ့်မယ်လို့ မဏိပူအပ်ဒိတ် အွန်လိုင်းသတင်းတပုဒ်မှာ ရေးထားတာ တွေ့ရပါတယ်။

ခရီးသည်တွေကတော့ မဏိပူဒေသကနေ စင်္ကာပူကို သွားမယ့်သူတွေ ဖြစ်ဖွယ် ရှိပါတယ် တဲ့။ ရွှေမြန်မာက စင်္ကာပူကိုလည်း နေ့စဉ် ပျံနေတာပါ။

 မန္တလေး - အင်ဖာ ခရီးစဉ် အစပြုမယ်ဆိုပြီး ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း အစိုးရသတင်းစာများကို ကိုးကားပြီး ဧရာဝတီမှာ ရေးခဲ့ပါတယ်။
သို့သော်လည်း အဲဒီခရီးစဉ်က ယာယီကာလအတွက်ပဲ ဖြစ်ခဲ့ပုံရပါတယ်။

စင်္ကာပူချန်ဂီလေဆိပ်အွန်လိုင်းစာမျက်နှာမှာတော့ ရွှေမြန်မာဟာ မန္တလေးကနေ နိုင်ငံတကာခရီးစဉ်အတွက် စင်္ကာပူကို ရွေးခဲ့တဲ့ ပထမဆုံး လေကြောင်းလိုင်းဖြစ်တယ်လို့ ဆိုပါတယ်။
စင်္ကာပူ-မန္တလေးကို ၂၀၁၃ ဧပြီ ကတည်းက ပြေးခဲ့တယ်၊ အခုဆို နေ့တိုင်းအသွားအလာ ရှိတယ်၊ လမ်းမှာ ရန်ကုန်ကို ၀င်တယ်လို့ ဆိုပါတယ်။

Golden Myanmar Airline ကို ပိုင်ဆိုင်သူက KMA Group မှ ဦးခင်မောင်အေး ဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်

http://burma.irrawaddy.org/business/2013/10/16/49583.html

လေယာဉ်အသစ်တစီး ရောက်လာတဲ့အကြောင်း သတင်းထုတ်ပြန်ချက်တခုကို ဖော်ပြပေးလိုက်ပါတယ်။
အင်ဖာ နဲ့ မန္တလေး အကွာအဝေးပြမြေပုံကိုလည်း ဂူဂဲကနေ ရှာပေးလိုက်ပါတယ်။
ရွှေမြန်မာလေကြောင်းလိုင်း လေယာဉ်စက်ခန်းပုံ၊ လေယာဉ်မယ် ၃ ဦးပုံ၊ ပြည်တွင်းခရီးစဉ်ကြော်ငြာ တို့ကိုတော့ လေကြောင်းလိုင်းအွန်လိုင်းကနေ ကူးယူပါတယ်။


ပြည်တွင်းလေကြောင်းခရီးစဉ်များ တိုးချဲ့ပြေး ဆွဲနိုင်ရန် ဒုတိယလေယာဉ်သစ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ

 ပြည်တွင်းလေကြောင်းခရီးစဉ်များကို တိုးချဲ့ ပြေးဆွဲနိုင်ရန်အတွက် ရွှေမြန်မာ လေကြောင်းလိုင်း ၏ ATR 72-600 လေယာဉ်သစ် ဒုတိယအစင်း (MSN-1156 XY-AJS) သည် ယနေ့ညနေတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ လာကြောင်း သိရပါသည်။

ရွှေမြန်မာလေကြောင်းလိုင်း၏ ပထမအစင်းမှာ ATR-72-600 (MSN-1148 XY-AJM) ဖြစ်ပြီး မေ ၁၅ ရက် (၂၀၁၄) ခုနှစ်တွင် ရန်ကုန်အပြည်ပြည် ဆိင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပါသည်။ ထို့နောက် ရွှေမြန်မာ လေကြောင်းလိုင်းသည် ဇွန်လ ၃ ရက်၊ ၂၀၁၄ ခုနှစ်မှစတင်၍ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ညောင်ဦး၊ ဟဲဟိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊ ဗန်းမော်၊ မြစ်ကြီးနး၊ ပူတာအို၊ လားရှိုး စသည့် ခရီး စဉ်များကို ပျံသန်းပြေးဆွဲလျက်ရှိကြောင်းသိရပါ သည်။

ထို့အတူ စတင်ပြေးဆွဲသည့် ညနေပိုင်းတွင်  Mandalay Hill Resort Hotel တွင် ဌာနဆိုင်ရာ များမှ တာဝန်ရှိ အကြီးအကဲများ၊ ဖိတ်ကြားထား သော အထူးဧည့်သည်တော်များနှင့် ရွှေမြန်မာလေ ကြောင်းလိုင်း၏ ပြည်တွင်းခရီးစဉ်များ စတင်ပျံသန်း ပြေးဆွဲသည့် မိတ်ဆက်ခြင်း အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

ယနေ့ရောက်ရှိလာသော ဒုတိယမြောက် လေ ယာဉ်မှာ Toulouse,France မှ ထုတ်လုပ်ထားပြီး ယင်း လေယာဉ်သစ်ဖြင့် မန္တလေး-နေပြည်တော်- ထားဝယ်- မြိတ်-ကော့သောင်း ခရီးစဉ်များကိုလည်း တိုးချဲ့၍  July လလယ်တွင် ထပ်မံပြေးဆွဲသွားမည် ဖြစ်ကြောင်းသိရပါသည်။



ထို့အပြင် မန္တလေးမြို့မှ အင်ဖာ၊ ချင်းမိုင်၊ ကူမင်းမြို့သို့  Charter Flight  ပျံသန်းပြေးဆွဲရန် စီစဉ်ထား ရှိပါကြောင်း သိရပါသည်။

People Oriented Carrier (ပြည်သူ့ဗဟိုပြု စရိတ်သက်သာ လေကြောင်းလိုင်း) ဆိုသည့်အတိုင်း ရွှေမြန်မာလေကြောင်းသည် ပြည်သူတွေအတွက် ခရီးသွားလာရာတွင် စရိတ်သက်သာ၍ အဆင်ပြေ ချောမွေ့စွာသွားလာနိုင်ရန် အစဉ်တဆိုက် ကြိုးပမ်း အားထုတ်လျက်ရှိပါသည်။



ရွှေမြန်မာလေကြောင်းလိုင်းသည် Airbus-320  လေယာဉ်ဖြင့်လည်း ရန်ကုန်-မန္တလေး- ရန်ကုန်ခရီးစဉ်ကို နံနက်ပိုင်းနှင့် ညနေပိုင်းတွင် တနေ့လျှင် ၂ ကြိမ်၊ မန္တလေး-ရန်ကုန်-စင်ကာပူ- ရန်ကုန်-မန္တလေး ခရီးစဉ်ကိုလည်း တနေ့လျှင် ၁ ကြိမ် ပျံသန်းပြေးဆွဲလျက်ရှိကြောင်းသိရပါသည်။
 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved