NDF ပါတီရဲ့ PR စနစ်ဆုင်ရာ သဘောထားထုတ်ပြန်ချက်

Tuesday, June 24, 2014

အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ NDF ပါတီရဲ့ လွှတ်တော်မှာ နိုင်ငံရေးပါတီတွေအနေနဲ့ အချိုးကျ PR စနစ်နဲ့ပတ်သက်ပြီး ဇွန်လ ၂၃ ၇က်နေ့ ရက်စွဲနဲ့ ကြေညာချက် တစောင် ထုတ်ပြန်ထားပါတယ်။ 


ကြေညာချက် အပြည့်အစုံကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။


ဒီနှစ်ဆန်းပိုင်း ကရင်ပြည်နယ် မြ၀တီမြို့မှာ တွေ့ရတဲ့ NDF ပါတီ ခေါင်းဆောင်တယောက်ဖြစ်သူ ဦးစိန်လှဦး - ဓာတ်ပုံ- မန်းမျိုးမြင့်(မီဒီယာ)

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
 ကြေညာချက်အမှတ် ၆/၂၀၁၄ 
ရက်စွဲ။ ၂၃-၆-၂၀၁၄ 

အချိုးကျကိုယ်စားပြုစနစ်( PR)ကို ပြည်နယ်များမပါ တိုင်းဒေသကြီးများတွင်သာ ကျင့်သုံးရေးဆိုင်ရာ ထုတ်ပြန်ချက် 

၁။ ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ အနေဖြင့် ဇွန်လ ပထမပတ်တွင် အမျိုးသား လွှတ်တော်၌ အချိုးကျကိုယ်စားပြုစနစ် PR ကျင့်သုံးရေးကို ပြည်နယ်များတွင်မပါဘဲ၊ တိုင်းဒေသကြီးများ တွင် သာ ကျင့်သုံးရန်အဆိုပြုခဲ့ပါသည်။ 

၂။ NDF ပါတီအနေဖြင့် ၂၀၁၂ခုနှစ်ကာလကပင် ပီအာစနစ်ကို ကျင့်သုံးရန် ပြည်သူ့လွှတ်တော်တွင် တင်ပြ ခဲ့သည်။ 

ယခုအခါ ပီအာစနစ်ကျင့်သုံးရေးအဆိုကို ပြည်သူ့လွှတ်တော်တွင် ထပ်မံတင် သွင်းနိုင် ရန် ဆောင်ရွက် ဆဲ ဖြစ်ပါသည်။ 

၃။ ဤအချိုးကျကိုယ်စားပြုစနစ် ပီအာ ကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် ဒီမိုကရေစီ မိတ်
ဆွေပါတီများအဖွဲ့တွင် စတင်ဆွေးနွေးစဉ်ကပင် ထိုစနစ်အား ပြည်နယ်များတွင် ကျင့်သုံးရန်အသင့် မဖြစ်
သေး ၍ တိုင်းဒေသကြီးများတွင်သာ စတင်ကျင့်သုံးရန် ဆွေးနွေးခဲ့ကြသည်။ 

ကျွန်ုပ်တို့ ပါတီအနေဖြင့် ထိုစနစ်အား လက်ရှိမြန်မာ့နိုင်ငံရေး၏ လိုအပ်ချက်တစ်ခုအဖြစ် ရှုမြင်၍ ဆွေးနွေး တင်ပြခဲ့ခြင်းဖြစ်သည်။ 

တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကို ပိတ်ပင်ခြင်း၊ အားနည်းအောင်ပြုလုပ်ခြင်း၊ ဖြစ်စေရန် ဆိုသည့် စွပ်စွဲချက်များသည် အခြေအမြစ် မရှိပါ။ 

ဤစနစ်ကြောင့်လည်း ထိုသို့ဖြစ်စရာ အကြောင်းလည်း မရှိပါ။ 

၎။ အမျိုးသားလွှတ်တော်တွင် ပီအာစနစ်ကျင့်သုံးရေးအဆိုကို တင်သွင်းခဲ့သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အား တယ်လီဖုန်းနှင့် ဆက်သွယ်၍ ခြိမ်းခြောက်ခြင်း၊ လွှတ်တော်အတွင်း၌ပင် စောင်း
မြောင်း ပြော ဆိုခြင်း၊ မီဒီယာများတွင်လည်း ထိုစနစ်ကို တင်ပြသူများသည် နိုင်ငံကိုချောက်ထဲ ဆွဲချသူ၊ ဘုံရန်သူ များအဖြစ် တံဆိပ်ကပ်ထားကြသလိုနှင့် သမိုင်းတရားခံများအဖြစ်ထိပင် ဆန္ဒစွဲဖြင့် ရေးသားဖော်
ပြနေခြင်းကို တွေ့နေရပါသည်။ 

၅။ ထိုသို့ ပြုမှုလုပ်ဆောင်နေသူများအနေဖြင့် ဒီမိုကရေစီသဘောတရားအရ မိမိ၏ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိနေပါသည်။ 

တစ်ဖက်တွင်လည်း လက်တွေ့တွင် ကွဲပြားခြားနားသော အမြင်တို့ ရှိနေသည် ကိုလည်း လက်ခံရမည်ဟူ သည့် ဒီမိုကရေစီ၏ အရင်းခံသဘောထားကို မျက်ကွယ်ပြုနေကြသည်မှာ အနာ ဂတ်ဒီမိုကရေစီရေး အတွက် လွန်စွာဝမ်းနည်းဖွယ် ဖြစ်ရပါသည်။ 

သိက္ခာရှိသော နိုင်ငံရေးနှင့် အဆင့်မြင့်နိုင်ငံရေး ကို လုပ်ဆောင်ကြရန် အမှာအကြားများ ရှိသည့်တိုင် မိမိတို့အမြင်ကို လွတ်လပ်စွာထုတ်ဖော်ခွင့်ရှိပါလျှက် အခြားတစ်ပါးသော အမြင်ကွဲမှုအပေါ် သည်းခံနိုင်မှု မရှိခြင်းအပေါ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် များစွာစိုးရိမ်ကြောင့်ကြမှု များ ဖြစ်ရပါသည်။ 

ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးတွင် ဤ ပီအာစနစ်ကို ပြည်နယ်များ တွင် အသုံးမပြု ရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။ 

ထိုသို့ ဆုံးဖြတ်ချက်အတိုင်း ပြည်နယ်များတွင် မကျင့်သုံးရန်ကိုလည်း လွှတ်တော်တွင် တင်သွင်းပြီး ဖြစ် သည်။ 

သို့စဉ်လျှက် ဝေဖန်ရုံမျှမက တိုက်ခိုက်ပြောကြားလာမှုများကြောင့် ဒီမိုကရေစီ နိုင်ငံသား တို့၏ နိုင်ငံရေး ဂုဏ်သိက္ခာကို မထိပါးနိုင်စေရေး အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီမှ အလေးအနက် တိုက်တွန်း ပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။ 



ဗဟိုအလုပ်အမှုဆောင်ကော်မတီ 
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ 















0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved