ထိုင်းမှာ ၂ လအတွင်း စစ်သား အများစုပါတဲ့ လွှတ်တော်သစ်ဖွဲ့မယ်

Sunday, June 29, 2014

မြန်မာ့နိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကြားဖြတ် ဖွဲ့စည်းပုံကို လာမည့် ဇူလိုင်လမှာ ထိုင်း ဘုရင့်နန်းတော် ရဲ့  အတည်ပြုချက် ရရှိမှာ ဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ က ရုပ်မြင်သံကြား က ဇွန်လ ၂၈ ရက်နေ့က ကြေညာပါတယ်။
တဆက်တည်းမှာ ၂ လအတွင်း လွှတ်တော်အသစ် ကို ဖွဲ့စည်းမှာဖြစ်ပြီး အဲဒီ နောက် ကြားဖြတ် အစိုးရ ဖွဲ့စည်းတော့မှာလည်း ဖြစ်ပါတယ်။


ဒါပေမယ့် အဲဒီ အသစ်ဖွဲ့စည်းမယ့် လွှတ်တော်မှာ စစ်တပ်က နေရာအများစုကို ယူထားမှာဖြစ်တယ်လို့ သိရပါတယ်။ 

ထိုင်း နိုင်ငံအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်ကိုလည်း ၁ နှစ်အတွင်း ရေးဆွဲသွားဖို့ ပြင်ဆင်ထားပြီး ဖွဲ့စည်းပုံ ရေးဆွဲပြီးနောက် ၃ လအကြာမှာ ရွေးကောက်ပွဲတွေ ကျင်းပပေးသွားမှာဖြစ်တယ်လို့ လည်း ထိုင်း စစ်ဗိုလ်ချုပ်ကြီးရဲ့ ပြောဆိုချက်မှာ ပါဝင်ပါတယ်။ 

ဒါကြောင့် အခုနှစ် အောက်တိုဘာလကနေ ၂၀၁၅ ခုနှစ် အတွင်းမှာ ထိုင်း ပြည်သူတွေက ရွေးချယ် တင်မြှောက်တဲ့ အစိုးရတရပ်လည်း ပေါ်ပေါက်လာမှာဖြစ်တယ်လို့ သူက ပြောထားပါတယ်။ 

ဒါဟာ ထိုင်း အာဏာသိမ်း စစ်အစိုးရက အမေရိကန် အပါအဝင် နိုင်ငံတကာက ဒီမိုကရေစီ ဖော်ဆောင်
ပေးရေး အပြင်းအထန် တိုက်တွန်းနေချိန်မှာ အခုလို လုပ်ဆောင်မယ်လို့ ကြေညာတာလည်းဖြစ်ပါတယ်။ 




အိမ့်သံစဉ် ~ 

 









 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved