အမေရိကန်- မြန်မာ ၂ နိုင်ငံ စစ်တပ်ချင်း ဆက်ဆံရေး တိုးမြှင့်ရန်ဆွေးနွေး

Saturday, June 28, 2014

မြန်မာနိုင်ငံကို အလည်အပတ်ရောက်နေတဲ့ အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံပြီး အမေရိကန်-မြန်မာ ၂ နိုင်ငံ စစ်တပ် ချင်း ဆက်ဆံရေး တိုးမြင့်ဆောင်ရွက်ကြဖို့ ဆွေးနွေးကြပါတယ်။ 


အမေရိကန်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် မြန်မာစစ်ဘက် ထိပ်တန်း 
ခေါင်းဆောင်များ၊ ဓာတ်ပုံ- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖေ့စ်ဘုတ်


လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Tom Malinowski ဦးဆောင်သည့် ကာကွယ်ရေးနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာနတွေက အဆင့်မြင့် ကိုယ်စားလှယ် များပါ အဖွဲ့တဖွဲ့တို့ဟာ ဇွန်လ ၂၇ ရက်နေ့နံနက် က 
နေပြည်တော်မှာ တပ်မတော်ကာကွယ်ရေးဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ တွေ့ဆုံပြီး ဆွေးနွေး မှုတွေ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ 



ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာလည်း အခုလို သတင်း အပြည့်အစုံကို ဖော်ပြထားပါတယ်။ 

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမေရိကန် နိုင်ငံ Department Of State Assistant Secretary For Democracy, Human Rights and Labor ဖြစ်သူ Mr. Thomas Malinowski ဦးဆောင်သော အဖွဲ့အား လက်ခံ တွေ့ဆုံ 

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော် ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ အမေရိကန်နိုင်ငံDepartment Of State Assistant Secretary For Democracy, Human Rights and Labor ဖြစ်သူ Mr. Thomas Malinowski ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံသည်။ 

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်မြထွန်းဦးတို့ တက်ရောက်ကြပြီး Mr. Thomas Malino-wski နှင့်အတူ The Pacific Command (PACOM)\ Deputy Commander ဖြစ်သူLt.Gen Anthony Crutchfield ၊ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် နိုင်ငံ သံအမတ်ကြီး H.E.Mr. Derek James Mitchell ၊ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် စစ်သံမှူး Col Willian C. Dickey နှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။ 

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ လက်ရှိ ဒီမိုကရေစီ ဖော်ဆောင်မှုနှင့် ပြုပြင် ပြောင်းလဲရေး ဆိုင်ရာ ကိစ္စရပ်များ၊ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေး တည်ဆေက် နေမှု ဆိုင်ရာ ကိစ္စရပ်များ၊ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ တပ်မတော်မှ မြေ ယာ စွန့်လွှတ် လွှဲပြောင်းမှု ဆိုင်ရာ ကိစ္စရပ်များအပေါ် နှစ်ဦးနှစ်ဖက် ရင်းနှီးပွင့်လင်းစွာ သဘောထား အမြင်ချင်း ဖလှယ်ခဲ့ကြပြီး နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များအား ညှိနှိုင်း ဆွေးနွေးကြသည်။ 

တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် Mr. Thomas Malinowski တို့သည် အဖွဲ့ဝင်များနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။ 






အိမ့်သံစဉ် ~
















0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved