မဟာသန္တိသုခ သံဃာငါးပါးအတွက် ထောင်ဝင်စာ

Monday, June 16, 2014

 ~





 .
အင်းစိန်ထောင် ရောက်နေတဲ့
မဟာသန္တိသုခကျောင်းတိုက်က သံဃာငါးပါးအတွက် ထောင်ဝင်စာ သွားပို့တယ်လို့

လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းရဲ့ ဖေ့စ်ဘုတ်မှာ ပြီးခဲ့တဲ့ မိနစ်ပိုင်းအတွင်း ရေးထား၊ ဓာတ်ပုံတွေ တင်ထားတာကို ကူးယူ ဖော်ပြလိုက်ပါတယ်။

ထောင်ဝင်စာ တွေ့ရာမှာ ... အခက်အခဲတွေထဲက တခုကတော့  သံဃာတွေရဲ့ လူအမည်တွေကို မသိရခြင်းပါပဲ တဲ့။ ဒီသံဃာတွေက ငယ်စဉ်ကတည်းက ရဟန်းဘောင်ဝင်ခဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။



ဒီနေ့မနက်၁၀နာရီမှာ အဓမ္မ ဖမ်းဆီးပြီးထောင်ထဲ ထည့်ထားတဲ့ မဟာသန္တိသုခကျောင်းတိုက်က ဆရာတော်ငါးပါး အတွက် ထောင်ဝင်စာ ပါဆယ်သွားပို့ပေးခဲ့ပါတယ်

လတ်တလောထောင်ကြီးချုပ်ပုံစံနဲ့ ချုပ်ထားတာဖြစ်ပြီး၂၀ရက်နေ့ ရုံးထုတ်တော့မှသာ ဘာပုဒ်မနဲ့တရားစွဲဆိုမယ်ဆိုတာ သိရမှာပါ

ဆရာတော်တွေရဲ့ မိသားစုတွေရောက်မလာမချင်း ခုလိုပဲ ပါဆယ်ပို့ပေးနေရမှာပါ

ဆရာတော်အားလုံးက ငယ်ဖြူတွေဖြစ်လို့ လူဝတ်တုန်းက နာမည်တွေလည်း မိသားစုတွေလာမှ သိရမှာပါပဲ

 




  • ဧရာဝတီ Facebook / ဧရာဝတီ Twitter
  • .

    0 comments :

    Post a Comment

     
    Copyright © 2014 Irrawaddy Publishing Group. All Rights Reserved