ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အထူးကိုယ်စားလှယ် နာမည်ကျော် မင်းသမီး အင်ဂျလီနာဂျူလီ ထိုင်း-မြန်မာ နယ်စပ် မဲဟောင်ဆောင်ခရိုင်ထဲက ကရင်နီဒုက္ခသည်စခန်းကို ထပ်မံ လည်ပတ်ပါတယ်။
ဒီလည်ပတ်မှုဟာ သူ့ရဲ့ လေးကြိမ်မြောက်ဖြစ်ပြီး ဇွန်လ ၂၀ ရက်မှာ ကျရောက်ခဲ့တဲ့ ကမ္ဘာ့ ဒုက္ခသည် များ
နေ့ အထိမ်းအမှတ်ဖြစ်ပါတယ်။
အင်ဂျလီနာဂျူလီဟာ နာမည်ကျော် ဟောလီးဝုဒ်ရုပ်ရှင်မင်းသမီးဖြစ်ပေမယ့် တခြားနာမည်ကျော် မင်းသမီး
တွေနဲ့မတူ အမျိုးသမီးအခွင့်အရေးနဲ့ ဒုက္ခသည်တွေအရေးမှာ အလွန်တက်ကြွသူဖြစ်ပါတယ်။

0 comments :
Post a Comment