Selfie သမားတွေ အကြိုက်တွေ့မယ့် Huawei Ascend P7

Sunday, June 22, 2014



 ~
 

 


စမတ်ဖုန်းတွေ ခေတ်စားလာတဲ့ ဒီနေ့ခေတ် ရေစီးကြောင်းထဲမှာ Selfie လို့ ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ်ဓာတ်ပုံ ရိုက်တဲ့ အလေ့အထဟာ စမတ်ဖုန်း အသုံးပြုသူတွေအကြား (အထူးသဖြင့် Facebook လို Social Network ကို အသုံးပြုနေတဲ့ လူငယ်တွေအကြား) မှာ အတော်လေး ခေတ်စားတယ်လို့ ဆိုရပါမယ်။

ဖုန်းတလုံး ဝယ်တော့မယ်ဆိုရင်ပဲ လိုင်းဆွဲအား ကောင်းခြင်း၊ မကောင်းခြင်းက အရေးပါသလို ကင်မရာ Resolution ကောင်းခြင်း၊ မကောင်းခြင်းကလည်း  အရေးပါတယ်လို့ ဆိုရမလိုပါပဲ။

Selfie ဓာတ်ပုံရိုက်တယ် ဆိုတာကတော့ ကိုယ့်ဖုန်းကင်မရာနဲ့ကိုယ် ကိုယ့်ရဲ့ ညာဘက်သို့မဟုတ် ဘယ်ဘက်လက်နဲ့ ဖုန်းကိုကိုင်ပြီး ကိုယ့်မျက်နှာ အထက်ကနေ ၄၅ ဒီဂရီတိမ်းစောင်းလို့ မျက်နှာက ကင်မရာကိုကြည့်ကာ ကိုယ့်ကိုယ်ကိုယ် ပြန်ရိုက်ကြတာ ဖြစ်ပါတယ်။

ကမ္ဘာ့တတိယ အကြီးဆုံး မိုဘိုင်းဖုန်းကုမ္မဏီ တခုဖြစ်တဲ့ Huawei (ဟွာဝေ) ကုမ္ပဏီက သူ့ ရဲ့ အသစ်ထွက်ရှိလာတဲ့ Huawei Ascend P7 ဖုန်းမှာ နောက် ကင်မရာ 13 Megapixel နဲ့ ရှေ့ကင်မရာ 8 Megapixel ထည့်ထားတာပါ။ ဒါကြောင့် Selfie ဓာတ်ပုံရိုက်တဲ့ စမတ်ဖုန်းချစ်သူတွေအတွက် အဓိကထားပြီး အထူးပြု ထုတ်လုပ် ထားတယ် ဆိုပါစို့။

ဒါ့အပြင် ထူးခြားချက်အနေနဲ့ ရှေ့ကင်မရာရိုက်တဲ့အခါ မြင်ကွင်းကျယ်စနစ် (Panorama) နဲ့ ရိုက်ယူ နိုင်တာကြောင့် ရှေ့ကင်မရာကို အသုံးပြုပြီး Selfie ရိုက်တဲ့အခါ သူငယ်ချင်းတွေကို တစုတစည်းထဲ ဓာတ်ပုံထဲပါဝင်လာအောင် ရိုက်ကူးပေးနိုင်မှာပါ။

 Preview Window Feature ပါဝင်တာကြောင့် ဖုန်းနဲ့ နေ့စဉ် ဓာတ်ပုံရိုက်ပြီး Facebook ပေါ်တင်တဲ့ Facebook Crazy ဓာတ်ပုံချစ်သူတွေအတွက် ဓာတ်ပုံရိုက်တဲ့အခါ ပိုပြီးလွယ်ကူအဆင်ပြေမှာပဲဖြစ်ပါတယ်။

Android OS နောက်ဆုံးထွက် version ဖြစ်တဲ့ 4.4.2 (Kitkat) ကို အသုံးပြုထားတဲ့ Huawei Ascend P7 ရဲ့ ကိုယ်ထည်ဟာ 2.97 mm သာရှိပြီး နောက်ဆုံးထွက် စမတ်ဖုန်းတွေထဲမှာ အပါးလွှာဆုံး စမတ်ဖုန်းတလုံး ဖြစ်ပါတယ်။

Ascend P7 ဟာ ယခင်နှစ်က ထွက်ရှိခဲ့တဲ့ P6 ကို အခြေခံတည်ဆောက် ထုတ်လုပ်ထားတာကို တွေ့ရပါတယ်။

P7 ဖုန်းရဲ့မျက်နှာပြင်က ၅ လက်မရှိပြီး Pixel Density က 441 ppi ရှိတာကြောင့် အလွန်ကြည်လင်တဲ့ ရုပ်ထွက်ကို ခံစားအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Memory အနေနဲ့က RAM မှာ 2GB ပါဝင်ပြီး ROM မှာ 16GB ပါဝင်ကာ Micro SD Card ကို 32 GB အထိ ထပ်မံဖြည့်သွင်း အသုံးပြုနိုင်တယ်လို့လည်း သိရပါတယ်။
ဒါဆိုရင် ကိုယ့်ကြိုက်နှစ်သက်တဲ့ ဂိမ်းတွေ၊ သီချင်းတွေ၊ ဓာတ်ပုံတွေ၊ MTVတွေကို များများသိမ်းထားလို့ ရပြီပေါ့။ လိုင်းဆွဲအားအနေနဲ့က P7 ဟာ 4G LTE စနစ်ကို ထောက်ပံ့ပေးထားတဲ့ ဖုန်းဖြစ်ပါတယ်။

CPU အနေနဲ့ကတော့ Quad-Core 1.8GHz ကို အသုံးပြုထားတာကြောင့် အသုံးပြုရတာ ပေါ့ပါးမြန်ဆန်တာကို ခံစားရမှာပဲဖြစ်ပါတယ်။
P7 ဖုန်းကိုယ်ထည် ဒီဇိုင်းကိုတော့ ဖုန်းရဲ့ ရှေ့နောက် နှစ်ဘက်ကို  အလွယ်တကူ အစင်းဖြစ်ခြင်းဒဏ် ကာကွယ်နိုင်တဲ့ Gorilla Glass နဲ့ ဖုန်းအုပ်ပြုလုပ်ထားပြီးတော့ ဖုန်းကို အမည်း၊ အဖြူ၊ ပန်းရောင် အစရှိတဲ့ အရောင်ကွဲသုံးမျိုး ထုတ်လုပ်ထားတာကို တွေ့ရပါတယ်။

Huawei Ascend P7 ရဲ့ လက်ရှိ ရောင်းဈေးကတော့ Huawei Official Showroom တွေမှာ ၃၇၉,၀၀၀ ကျပ်   ဖြစ်ပါတယ်။





.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved