~
မန္တလေးမြို့ လမ်းဆုံလမ်းခွ၊ မီးပွိုင့် တချို့ မှာ ပန်းရောင်းကြတဲ့ ကလေးငယ်တွေ၊ လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်ကြတဲ့ ကလေးတွေကို စာသင်ပေးနေတာကတော့ ပန်းပျိုးသူများစာသင်ဝိုင်း ဖြစ်ပါတယ်။
၂၆ လမ်းနဲ့  ၂၇ လမ်းကြား၊ ၆၆ လမ်းမကြီး၊ပေါ်က ရွှေပြည်မိုးလက်ဘက်ရည်ဆိုင်ရှေ့ မှာ ညပိုင်း ၇းဝဝ ကနေ ၉းဝဝ အထိ သင်ကြားပေးနေတာပါ။
ပန်းသည်ကလေး ၃၀ ကျော်ခန့် နဲ့ အဲဒီလက်ဘက်ရည်ဆိုင်မှာ လုပ်ကိုင်နေတဲ့ ကလေး ၂၆ ယောက်တို့ ကို သင်ကြားပေးနေပါတယ်။
ကျောင်းစာတွေသာမက ကလေးငယ်များရဲ့ တကိုယ်ရည်သန့် ရှင်းမှုကိစ္စများကိုလည်း သင်ကြားပေးနေတာ တွေ့ရမှာပါ။
ပန်းပျိုးသူများစာသင်ဝိုင်းဟာ ကလေးငယ်များကို စာသင်ပေးတဲ့နည်းနဲ့ကူညီဖို့  မန္တလေးမြို့ခံ စေတနာရှင်လူငယ်များနဲ့ ဖွဲ့ စည်းထားတာဖြစ်ပါတယ်။
(ဓာတ်ပုံများ - တေဇလှိုင်/ဧရာဝတီ)

.
အလွန်ဂုဏ်ယူဖွယ်ကောင်းသော လူငယ်များပါ ။။။။။ သင်သူကော နာယူသူပါ လေးစားပါတယ် ။