.
မြန်မာနိုင်ငံ ရန်ကုန်နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တို့ကို တိုက်ရိုက် ပျံသန်းပြေးဆွဲမယ့် လေကြောင်းလိုင်း အသစ် ၂ ခုဟာ မကြာမီမှာ စတင်ဖို့ ရှိပါတယ်။
.jpg)
ချင်းမိုင်မြို့ (ဇင်းမယ်မြို့) ရဲ့ ၂၀၁၀ ပြည့်နှစ် တန်ဆောင်တိုင်မြင်ကွင်း (ဓာတ်ပုံများ - အောင်အောင်/ဧရာဝတီ)
အဲဒါကတော့ အဲကမ္ဘောဇ လေကြောင်းနဲ့ မန်းရတနာပုံ

လေကြောင်းလိုင်းတို့က တပတ်ကို ၂ ရက်စီနဲ့ လေကြောင်းလိုင်း ၂ ခုက တပတ် ၄ ရက်ပျံသန်းပြေးဆွဲဖို့ အစီအစဉ်ရှိတယ်လို့ နီးစပ်သူ အသိုင်းအ၀ိုင်းက တဆင့် သိရပါတယ်။
ထူးခြားတဲ့ အစီအစဉ်တခုကတော့ အဲကမ္ဘောဇလေကြောင်းလိုင်းက အသွားအပြန်လက်မှတ်ဝယ်ထားရင် အပြန်မှာ မန်းရတနာပုံလေယာဉ်နဲ့ စီးမယ်ဆိုလည်း စီးလို့ရပါတယ် တဲ့။ အလားတူ မန်းရတနာပုံ
လေကြောင်းလက်မှတ် အသွားအပြန် ၀ယ်ထားသူကလည်း အဲကမ္ဘောဇ လေကြောင်းလိုင်း လေယာဉ်နဲ့ အပြန်မှာ စီးလို့ရတယ်လို့ သိရပါတယ်။
အဲကမ္ဘောဇ လေကြောင်းလိုင်းဟာ ရန်ကုန်- ချင်းမိုင်၊ ချင်းမိုင်- ရန်ကုန် တို့ကို ပြေးဆွဲရာမှာ မန္တလေးမြို့ကိုလည်း ဆက်လက်ပြေးဆွဲမယ့် အစီအစဉ်ပါဝင်မယ်လို့ ဆိုကြပါတယ်။
အဆိုပါ လေကြောင်းလိုင်းတွေက ဈေးနှုန်းကို အသက်သာဆုံးနဲ့ ပြေးဆွဲပေးသွားမှာဖြစ်ပြီး ၇ ရက် အသွားအပြန် လက်မှတ်က ဈေးအချိုဆုံးဖြစ်မယ်လို့ သိရပါတယ်။ ၂ ပတ် အသွားအပြန်၊ ၁ လအသွားအပြန်စတဲ့ လက်မှတ်အခြေအနေပေါ် မူတည်ပြီး ဈေးနှုန်းကွာခြားသွားမှာလည်းဖြစ်တယ်လို့ သိရပါတယ်။
ချင်းမိုင်-ရန်ကုန်၊ ရန်ကုန်-ချင်းမိုင်ကို အခု လတ်တလော Air Bagan လေကြောင်းလိုင်းတခုသာ ပြေးဆွဲနေ ပါတယ်။
0 comments :
Post a Comment