ခြောက်လကျော်လက်သီးလက်မောင်းတန်းသူ ပခုံးခွဲစိတ်မှုခံယူ

Tuesday, June 10, 2014

 ~



ထိုင်းနိုင်ငံက ဆန္ဒပြခေါင်းဆောင် ဒီကနေ့ ခွဲစိတ်ခန်းဝင်ပြီး ကုသမှုခံယူရပါမယ်။

Anti-government protest leader Suthep Thaugsuban waves to supporters in Bangkok on Jan. 13, 2014. (Photo: Steve Tickner / The Irrawaddy)


သူကတော့ PDRC လို့ လူသိများတဲ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ပြည်သူ့ကော်မတီရဲ့ အကြီးအကဲ ဆူထေ့ပ် ထပ်ဆူဗန်ပါပဲ။
သူ့ ညာဘက်ပခုံး နာကျင်ကိုက်ခဲနေတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာ အွန်လိုင်းမှာ ရေးထားပါတယ်။

ဖြစ်ရတဲ့အကြောင်းရင်းကတော့ ၆ လထက် မနည်း ကြာမြင့်ခဲ့တဲ့ ဆန္ဒပြပွဲမှာ ညာဘက်နဲ့ မကြာခဏ လက်သီးလက်မောင်းတန်းခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ် တဲ့။ (သူ့အကြောင်း တစေ့တစောင်းကို
http://www.irrawaddy.org/asia/thailands-new-fault-line-right-vote.html မှာ
ဖတ်နိုင်ပါတယ်)

ဒီသတင်းတိုနဲ့ ပတ်သက်ပြီး သူ့ကို ထောက်ခံတဲ့ မထောက်ခံတဲ့ စာဖတ်သူတွေရဲ့  မှတ်ချက်တချို့ကတော့ ဒီလိုပါ...
  • ဟစ်တလာလည်း ဒီလို ခံစားခဲ့ရဖူးတယ်။
  • (သူ့ရဲ့ဆန့်ကျင်ဘက် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထွင်ခဲ့တဲ့) ဘတ် ၃ဝ တန် ကျန်းမာရေး အာမခံနဲ့ ကုမှာလား။
  • ဘုရားသခင် ကြည့်ရှုစောင့်ရှောက်ပါစေ။
  • ဆရာဝန်က ရှပ်နီ သို့မဟုတ် (ဝန်ကြီးချုပ်ဟောင်း) သက်ဆင် ထောက်ခံသူဆိုရင်တော့ အင်မတန် ရှက်စရာကောင်းမှာပဲ။
  • ဆူထေ့ပ် = သူရဲကောင်း
  • သူ့ဦးနှောက်ကိုရော ပြင်ပေးနိုင်မယ်ထင်တယ်။
  • သူ့ကို "ဝါရင့်နိုင်ငံရေးသမား" လို့ ဘန်ကောက်ပို့စ်က သုံးနှုန်းတာ ကြိုက်ပါတယ်။ ဘက်လိုက်မထားဘူး။
  • ငြိမ်းချမ်းစွာအနားယူနိုင်ပါစေ။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved