ကမ္ဘာ့ဖလား နဲ့ ဗေဒ ခန့်မှန်းချက်

Wednesday, June 18, 2014

 ~
 

ကမ္ဘာ့ဖလား ပရိသတ်များ  ဒီည နဲ့ နက်ဖြန်မနက် အာရုံမတက်ခင် မအိပ်မနေကြည့်ကြမယ့် ပွဲ ၃ ပွဲ ရှိပါတယ်။
 

ဒီနှစ်ကမ္ဘာ့ဖလားရဲ့ ပွဲဦးထွက်ပွဲစဉ် မြင်ကွင်းတခု (ဓာတ်ပုံ – Reuters)
 

သြစတေးလျ - နယ်သာလန် - ည ၁၀ ခွဲ၊
စပိန် - ချီလီ - မနက် ၁ ခွဲ
ကင်မရွန်း - ခရိုအေးရှား - မနက် ၄ ခွဲ။

ဒီပွဲတွေမှာ ဘယ်အသင်းနိုင်မယ်၊ သရေကျဖွယ်ရှိတယ် စသဖြင့်  အမျိုးမျိုး သုံးသပ်နေကြတဲ့ထဲကမှ   ဗေဒ ခန့်မှန်းချက် တချို့လည်း ရှိနေပါတယ်။

ဒီနေ့ထုတ် စံတော်ချိန် သတင်းစာထဲမှာ ဆရာဇေယျာမိုး(ဝေဒဗိမာန်) တွက်ပြထားတာကို ကောက်နုတ်ဖော်ပြရမယ် ဆိုရင်

သြစတေးလျ - နယ်သာလန်

နယ်သာလန်အသင်း "အနိုင်ရဖို့ အလေးသာနေပါတယ်"

စပိန် - ချီလီ

စပိန်အသင်းက "အနိုင်ရဖို့ သေချာနေပါတယ်"

ကင်မရွန်း - ခရိုအေးရှား

ကင်မရွန်းအသင်းက "အနိုင်ယူသွားမှာပါ"

 နက္ခတ္တဗေဒပညာရပ်အားဖြင့် လည်းကောင်း၊ ကောဇာဂြိုဟ်အားဖြင့် လည်းကောင်း သုတေသန ပြုထားသမျှ တွက်ချက် ဟောပြောခြင်း ဖြစ်တယ်လို့ ဆရာက ရေးပါတယ်။

ဆက်စပ်


http://burma.irrawaddy.org/sport/2014/06/17/60489.html

 



.

2 comments :

  1. Anonymous said... :

    သောက်တလွဲ ဗေဒင်ဆရာ...

    နယ်သာလန်နိုင်မယ်ဆိုတာ ဗေဒင်မေးစရာကို မလိုဘူး။

    စပိန် ထွက်သွားပြီဟဲ့

    ကင်မရွန်း ဂိုးပြတ်ရှုံးတယ်

    ထပ်မေးပေးပါအုံး....နောက်ပွဲတွေကျရင် ဆန့်ကျင်ဖက်ကို လောင်းရအောင်လို့။

  1. Anonymous said... :

    ဗေဒင်ဆရာက..."စပိန်အသင်းက အနိုင်ရဖို့ သေချာနေပါတယ်တဲ့"
    ဟားဟားဟား.....ဘယ်တော့နိုင်မယ်ဆိုတာမပြောဘူး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved