မိုးရေထဲမှာ စတိုင်ကျဖို့

Sunday, June 1, 2014

 ~



ပူပြင်းခြောက်သွေ့တဲ့ နွေရာသီ ကုန်ဆုံးလို့ အမြဲတန်းစိမ်းလန်း စိုစွတ်နေမယ့် မိုးဦးရာသီ ရှေ့ပြေးအဖြစ် မေလ မကုန်သေး ခင် မြန်မာနိုင်ငံရဲ့ နေရာတော်တော်များများမှာ မိုးတွေစရွာနေပါပြီ။

 


၈,၅ဝဝ
ဒီလိုအချိန်မှာ မိုးရေစက်တွေကို ကာကွယ်အံတုဖို့ ထီးကောင်းကောင်း တလက် ရှိရုံနဲ့တင် မလုံလောက်နိုင်ပါဘူး။
 လေပြင်းပြင်းနဲ့ ရွာချလာမယ့် မိုးစက်တွေကို ရှောင်လွှဲ အန်တုနိုင်ဖို့ကတော့ အထာကျပြီး အရောင်လှတဲ့ Rain Coat (မိုးကာအင်္ကျီ) ကောင်းကောင်းတထည်နဲ့ မိုးစီးဖိနပ်အပါး တရံလောက်တော့ ရှိထားသင့်ပါတယ်။
 မိုးရာသီစီး ဖိနပ်ဆိုရင် ဈေးကြီးပြီး လေးလံတဲ့ ဖိနပ်တွေထက်စာရင် ပေါ့ပေါ့ပါးပါးနဲ့ ဈေးလည်း သက်သာတဲ့ ဖိနပ်တွေက ပိုပြီးသင့်တော်ပါတယ်။ ဒါဆိုရင်တော့ မိုးရေတွေကြားကို စတိုင်မပျက် လမ်းသလားလို့ရပြီပေါ့။

မိုးစီးဖိနပ်အပါးတွေရဲ့ ဈေးနှုန်းက ကျပ် သုံးထောင်ဝန်းကျင်လောက်ကစလို့ လေးငါး ခြောက်ထောင် ကျော်လောက်ပဲ ရှိတာမို့လို့ ဈေးနှုန်းသင့်တင့်ပြီး လူတိုင်းဝယ်ယူလို့ အဆင်ပြေနိုင်တဲ့ အနေအထားပါ။
 ဒီလိုပေါ့ပေါ့ပါးပါး အရောင်စုံ မိုးရာသီစီး ဖိနပ်ပါးတွေက မိုးရေတွေကြား သွားလာတဲ့အခါ ဈေးကြီးကြီး ဖိနပ်အကောင်းစားတွေလို မိုးရေကြောင့် အချိန်ခဏလေးနဲ့ ပျက်စီးသွားမှာ ကြောက်စရာ မလိုတဲ့အတွက် It’s Okay ပဲပေါ့။

Rain Coat အရောင် တောက်တောက်လေးတွေကလည်း ဖက်ရှင်ကျကျ မိုးရေထဲ လမ်းသလားချင်တဲ့ ပျိုပျို ကိုကို တွေအတွက် ဒီနှစ်မိုးရာသီမှာ တထည်လောက်တော့ ဝယ်ထားဖို့ လက်တို့ချင်ပါတယ်။
 မိုးကာအင်္ကျီဈေးနှုန်းတွေကလည်း လေးငါးထောင် ဝန်းကျင်လောက်ကစလို့ တသောင်းမကျော်တဲ့ ဈေးနှုန်းပဲ ဝန်းကျင်ရှိတာကြောင့် အပေါ်ဝတ် Rain Coat အပါးလေးတွေကတော့ ဖက်ရှင်အတွက်ကော မိုးရာသီ ကျန်းမာရေးအတွက်ပါ ဆောင်ထားသင့်တယ်နော်။

အခုဆိုရင် မိန်းကလေးဝတ် Rain Coat အပါးလေးတွေကလည်း Cute ဖြစ်တဲ့ ဒီဇိုင်းလေးတွေ၊ အကြည်ရောင် အပါးလေးတွေ ဈေးကွက်ထဲကို ရောက်နေတာကြောင့် မိန်းကလေးဝတ် Rain Coat အပါး ဒီဇိုင်းအလန်း တထည်လောက် ဝယ်ထားမယ်ဆိုရင် မကြာခင်တက်ရမယ့် တက္ကသိုလ်ကျောင်းဖွင့်ချိန်အမီ ရေစိုပျိုမေစတိုင်နဲ့ ခပ်လန်းလန်း ကျောင်းတက်နိုင်မှာပါ။

ကဲ မိုးတွေကလည်းရွာနေပြီဆိုတော့ မိုးရေတွေကြား ဖက်ရှင်ကျကျ လမ်းသလားရအောင် အရောင်စုံ မိုးကာအင်္ကျီ Rain Coat လန်းလန်းလေးတွေ နဲ့ မိုးရာသီစီးဖိနပ်ပါး အမိုက်စားလေးတွေ သွားဝယ်ကြစို့လား။

ပုံမှာပြထားတဲ့ အမျိုးသား၊ အမျိုးသမီးဝတ် မိုးကာအင်္ကျင်္ီတွေနဲ့ မိုးရာသီစီး ဖိနပ်ပါးတွေကိုတော့ အနော်ရထာလမ်းနဲ့ ရွှေဘုံသာလမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့မှာရှိတဲ့ 119 Fashion Complex မှာ သွားရောက် ရိုက်ယူထားတာပါ။

  • သီဟတိုး 
 
  • ၃,၉ဝဝ
    ၆,၉ဝဝ
    ၄,၅ဝဝ
    ၂,၆ဝဝ
    ၆,၉ဝဝ
    ၃,၅ဝဝ
     
.

ဧရာဝတီ Facebook / ဧရာဝတီ Twitter

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved