သတင်းစာ၂စောင်မှာတွေ့ရတဲ့ သန္တိသုခကျောင်း စီးနင်းမှုသတင်း

Wednesday, June 11, 2014

 ~



 
ရန်ကုန်မြို့ ပီနန်ဆရာတော်ကြီးရဲ့ မဟာသန္တိသုခကျောင်းကို အာဏာပိုင်တို့ ဝင်ရောက်တဲ့အချိန်ဟာ ညသန်းခေါင် ဖြစ်ပါတယ်။

ဒီဖြစ်ရပ်အကြောင်းကို ဒီကနေ့ထုတ် သတင်းစာ ၂ စောင်မှာ မျက်နှာဖုံးသတင်းအဖြစ် တွေ့ရမှာပါ။

တကယ်လို့များ နေ့ခင်းအချိန်မှာ ပေါ်ပေါက်ခဲ့တဲ့ ဖြစ်ရပ် ဆိုရင် သတင်းစာ အားလုံးလိုလိုမှာ မျက်ဖုံးသတင်းအဖြစ် တွေ့ရပါလိမ့်မယ်။

ညသန်းခေါင် ဆိုတာ သတင်းစာ ပုံနှိပ်ချိန် ဖြစ်တဲ့အတွက် အရေးကြီးတဲ့ ဘယ်သတင်းကိုမဆို ရေးသားပုံနှိပ်ဖို့ အခက်အခဲ ရှိကြပါတယ်။

Daily Eleven   သတင်းစာမှာ ဖော်ပြချက်ထဲမှာ
သန္တိသုခ ကျောင်းတိုက်ဝန်းကျင်က ဒေသခံတဦးရဲ့ အတွေ့အကြုံတွေကို အခုလို တွေ့ရပါမယ်။
  “ဒီကိစ္စက ကြိုပြီးလုပ်တယ်လို့ ကျွန်တော်မြင်တယ်။ နေ့ခင်းကတည်းက မဟနက ထားပေးတဲ့ ဆရာတော်က သူ့အသုံးအဆောင်တွေ အကုန်ယူပြီး ထွက်သွားတယ်။ ဂေါပက၀င် တချို့ကလည်း မင်္ဂလာဆောင်မှာသုံးတဲ့ ပစ္စည်းတွေကို ည ၈ နာရီလောက်မှာ သယ်ထုတ်တယ်။ ဘာလို့ ရွှေ့နေတာလဲမေးတော့ သူတို့လည်း မသိဘူးလို့ ပြောတယ်။ ပြီးတော့ ည ၉ နာရီခွဲလောက်မှာ ရဲကားခြောက်စီးနဲ့ ၀ိုင်းလိုက်တယ်” 

Voice Daily မှာတော့ သန္တိသုခရောက် သူတို့သတင်းထောက်ကို ကိုးကားပြီး ရေးပါတယ်။
သတင်းထဲက စာတချို့ကို ကိုးကား ဖော်ပြလိုက်ပါတယ်။

လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၃၀၀ ဝန်းကျင်က ကျောင်းဝင်း၏အပြင်ဘက်တွင် လုံခြုံရေးယူပေး ထားပြီး သံဃမဟာနာယကအဖွဲ့ကစေလွှတ်သည့် သံဃာဟုယူဆရသူ ၂၀၀ ခန့်က ကျောင်းတိုက်အတွင်းရှိပစ္စည်းများကိုဝင်ရောက်သိမ်းယူကာ ကျောင်းတိုက်နေသံဃာတော်များကို ကျောင်းတိုက်မှထွက်ခွာသွားရန် စေခိုင်းခဲ့သည်ဟု အဆိုပါကျောင်းတိုက် ၏ ယာယီကျောင်းထိုင်ဆရာတော်က မိန့်ကြားကြောင်း




The  Daily Eleven သတင်းစာ မျက်နှာဖုံး

 
The Voice Daily သတင်းစာ မျက်နှာဖုံး
.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved