အတိုက်အခံနဲ့ကြုံရမယ့် စင်္ကာပူက ဂေးလမ်းလျှောက်ပွဲ

Thursday, June 26, 2014

 ~





လာမယ့်စနေမှာ အဖြူရောင်ဝတ်ဆင်ကြဆိုတဲ့ စင်္ကာပူက မူဆလင်တွေရဲ့ တိုက်တွန်းချက်ကို အဲဒီမှာရှိတဲ့ ခရစ်ယာန်တချို့က လိုက်လုပ်ကြလိမ့်မယ်ဆိုတဲ့အကြောင်း အင်္ဂါနေ့က ဧရာဝတီသတင်းတပုဒ်မှာ တွေ့ရပါတယ်။
သတင်းကို ကောက်နုတ် ဖော်ပြပါမယ်။
အပြည့်အစုံကိုတော့ http://www.irrawaddy.org/asia/wear-white-protest-singapore-pink-gay-rally-religious-groups-say.html မှာ ဖတ်နိုင်ပါတယ်။ Wear White to Protest Singapore Pink Gay Rally, Religious Groups Say ဆိုတဲ့ သတင်းပါ။

အဖြူရောင် ဘာကြောင့်ဝတ်ကြမှာလဲ။
ဘာကြောင့်လဲ ဆိုတော့ ၆ ကြိမ်မြောက် ဂေးလမ်းလျှောက်ပွဲကြီးကို ကန့်ကွက်ဖို့ပါ။ လမ်းလျှောက်သူများက ပန်းရောင် ဆင်မြန်းကြပါလိမ့်မယ်။
ယမန်နှစ် လမ်းလျှောက်ပွဲကြီးမှာ ၂၁,ဝဝဝ ပါဝင်

အင်အားပြခဲ့ကြတာပါ။

ပန်းရောင်ကို အဖြူရောင်နဲ့တိုက်မယ် ဆိုပါစို့။

စင်္ကာပူမှာ လဝကကိစ္စနဲ့နေထိုင်စရိတ်မြင့်တက်တာတွေကနေ ဂေးအခွင့်အရေးအထိ လက်မခံနိုင်စရာဖြစ်နေတာပါ။  စင်္ကာပူ ဆိုတာက တို့အရေး တို့အရေးလုပ်တာကို အားမပေးပါ၊ နိုင်ငံရေးလှုပ်ရှားမှုအတွက် လူစုလူဝေးလုပ်မယ်ဆိုရင် အရေအတွက် ဘယ်လောက်ပဲရှိရှိ ခွင့်ပြုချက် လိုအပ်တဲ့နိုင်ငံလေးပါ။

 ပြီးခဲ့တဲ့နှစ်က အမျိုးသားချင်းလိင်ဆက်ဆံခြင်းက ရာဇဝတ်မှုဖြစ်တယ်ဆိုပြီးပြဋ္ဌာန်းထားတဲ့ ဥပဒေ ဖျက်သိမ်းရေးအဆိုကို ဗဟိုတရားရုံးက ပယ်ချပြီး လများမကြာမီမှာပဲ ဂေးလမ်းလျှောက်ပွဲကြီး ကျင်းပတာလို့ သတင်းမှာ ရေးပါတယ်။

Ustaz Noor Deros ဆိုတဲ့ မူဆလင်ဘာသာရေးဆရာတယောက်က အဖြူရောင်ဝတ်ဆင်ရေး လှုပ်ရှားမှုကို ပြီးခဲ့သော ရက်သတ္တပတ်က အစပြုလိုက်တာပါ၊ စနေနေ့ ဂေး လမ်းလျှောက်ပွဲကို ပါဝင်ဆင်နွဲတာ မလုပ်ကြဖို့၊ ရာမာဒန်ဥပုသ်လ အကြို အဲဒီည ဝတ်ပြုတဲ့အခါ အဖြူရောင် ဝတ်ဆင်ကြဖို့ တိုက်တွန်းလှုံ့ဆော်ပါတယ်။ ဒီလှုပ်ရှားမှုရဲ့ Facebook စာမျက်နှာကို Like လုပ်ထားသူ ၃,ဝဝဝ ကျော်နေပါပြီ။

ဒီလှုပ်ရှားမှုကို ပူးပေါင်းမယ့်သူတဦးက Lawrence Khong ပါ။
သူက စင်္ကာပူ ဘုရားကျောင်းတခုဖြစ်တဲ့ the Faith Community Baptist Church ရဲ့ အကြီးအကဲဖြစ်တယ်လို့ သတင်းက ဆိုတယ်။ ပြီးတော့ သူက LoveSingapore ဆိုတဲ့ ကွန်ရက်တခုရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ် တဲ့။

http://www.irrawaddy.org/burma/lgbt-groups-call-burmas-penal-code-amended.html

http://burma.irrawaddy.org/article/2014/06/17/60482.html

http://burma.irrawaddy.org/%E1%81%80_interview/2012/10/23/23521.html



လိင်တူဆက်ဆံတာကို အားမပေးဘူး၊ အားမပေးနိုင်ဘူး၊  လိင်တူဆက်ဆံခြင်းကို ဘ၀နေထိုင်မှုပုံစံတမျိုးဆိုပြီး လူကြားသူကြား ပရိုမိုးရှင်းလုပ်နေတာကို ဆက်ပြီး ကန့်ကွက်ရမှာပဲ လို့ သူက ဖေ့စ်ဘုတ်မှာ ရေးပါတယ်။

 စင်္ကာပူ ဂေးလမ်းလျှောက်ပွဲက BP, Goldman Sachs, Google တို့ အပါအ၀င် ကမ္ဘာလုံးဆိုင်ရာ ကော်ပိုရေးရှင်းကြီးတွေရဲ့ စပွန်ဆာများစွာနဲ့ ထိတွေ့မှုရှိပါတယ်။
ဂေးပွဲက သူတို့ဆီမှာ ၂ဝဝ၉ ကတည်းက အစပြုခဲ့တာပါ။
အဲသလို ကြီးထွားမှုများ ရှိလာသော်ငြား ... အများစုသော စင်္ကာပူသူ စင်္ကာပူသားတို့က လိင်တူခြင်းလက်ထပ်သောယဉ်ကျေးမှုကို လက်ခံဖွယ်မရှိဘူးလို့ သတင်းက ဆိုပါတယ်။

  • အပြည့်အစုံ
http://www.irrawaddy.org/asia/wear-white-protest-singapore-pink-gay-rally-religious-groups-say.html  


PHOTO:
Participants dressed in pink enjoy a picnic before taking part in the forming of a giant pink dot at the Speakers’ Corner in Hong Lim Park in Singapore on June 29, 2013. (Photo: Reuters / Edgar Su)
.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved