ငယ်တုန်းကအမှားအယွင်းအတွက် ဂျက်စတင်ဘီဘာ တောင်းပန်

Monday, June 2, 2014

 ~

  

ကမ္ဘာကျော် အဆိုတော်လေး ဂျက်စတင်ဘီဘာက  သူ့ရဲ့ လူမျိုးရေးခွဲခြားတဲ့ပြောဆိုမှုတွေ ပါဝင်တဲ့ ရုပ်သံဖိုင်ဟောင်းတခုနဲ့ ပတ်သက်ပြီး ချက်ချင်းဆိုသလိုပဲ တောင်းပန်လိုက်ပါတယ်။

ဒီရုပ်သံဖိုင်က အင်တာနက်အသုံးများတဲ့ ဒီကနေ့ခေတ်မှာ အင်မတန် လူပြောများနေတာပါ။

"Why are black people afraid of chain saws?" ဆိုပြီး လူမည်းတွေကို ခွဲခြားဆက်ဆံတဲ့ ဝေါဟာရလို့ သူတို့ဆီမှာ သတ်မှတ်ထားတဲ့ စကားလုံး
"N****r"  ဆိုတာကို အကြိမ်ကြိမ် ပြောထားတာပါ။

ဒီဖိုင်ကို အွန်လိုင်းထဲရောက်အောင် လုပ်ခဲ့တာကတော့  www.tmz.com ဆိုတဲ့ စာမျက်နှာပါ။ ဒီဖိုင်ရောက်နေတာ ကြာပြီ၊ ၄ နှစ် ရှိပြီ။ အဲဒီတုန်းက ဒီအဆိုတော် အသက်မပြည့်သေးတဲ့အတွက် သိမ်းထားခဲ့တာပါ တဲ့။

အဲဒီမှာ ရေးထားသလိုပါပဲ... ဒီရုပ်သံကို သူ့အသက် ၁၄ နှစ်အရွယ်တုန်းက ရိုက်ထားတာပါ။
အခု အဆိုတော်လေးက အသက် ၂ဝ ရှိပါပြီ။
ကမ္ဘာကျော်အဆိုတော်လေးအကြောင်း ယခင်ကလည်း ဒီ ဧရာဝတီဘလော့မှာ မကြာခဏ ဖော်ပြခဲ့ပါတယ်။ လတ်တလော သူ့သတင်းနဲ့ ပတ်သက်ပြီး သူက
.. ဆယ်ကျော်သက်ဘ၀ ပြောမှားဆိုမှားရှိခဲ့တာများအတွက် တောင်းပန်ကြောင်း အမေရိကန် မီဒီယာများမှာ ရှင်းထားပါတယ်။

အင်မတန်စိတ်မကောင်းဖြစ်ရတယ်၊ လူပေါင်းစုံနဲ့ ကျနော် တရင်းတနှီးပေါင်းပါတယ်၊ ကလေးဘ၀တုန်းက မှားယွင်းခဲ့တာတွေအတွက် တယောက်ယောက် ထိခိုက် နစ်နာသွားတာကို တောင်းပန်ပါတယ်။
အဲဒီတုန်းက ကျနော်က ချာတိတ်လေးပါ။ ခုတော့ အရွယ်ရောက်လာပါပြီ၊ ဒီလိုအမှားမျိုး ထပ်မလုပ်မိဖို့၊ တာဝန်ယူတတ်ဖို့ သိနေပါပြီလို့ သူက ဆိုပါတယ်။
  • ဆက်စပ်သတင်း

ဂျပ်စတင်ဘီဘာ မိုင်ယာမီကမ်းခြေမှာ အဖမ်းခံရ 
 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved