ဘန်ကောက်က တက္ကစီ မာဖီးယားတွေကို နှိမ်နင်းပြီ

Friday, June 20, 2014

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က သုဝဏ္ဏဘုမ္မိ နိုင်ငံတကာ လေဆိပ်ကြီးမှာ ကွန်ပျူတာ စနစ် နဲ့ အသုံးပြုတဲ့ အများသုံး တက္ကစီတွေကို တလအတွင်း လုပ်ဆောင်သွားမှာဖြစ်ပြီး ဒါဟာ လေဆိပ်မှာ မတရား စီးပွားရှာ
နေတဲ့ တက္ကစီ မာဖီယား တွေကို အဆုံး သတ် သွားစေဖို့ ဖြစ်တယ်လို့ ထိုင်းစစ်ဗိုလ်ချုပ်တဦး က ပြောလိုက် ပါတယ်။ 

 ဘန်ကောက်မြို့က တက္ကစီများ၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်

တက္ကစီ မာဖီယားဆိုတာက အထူးသဖြင့် သုဝဏ္ဏဘုမ္မိလေဆိပ်မှာ မာဖီးယားပုံစံ ထိန်းချုပ်ခံထားရတဲ့ တက္ကစီတွေကို ခေါ်တာဖြစ်ပြီး တခါတရံ ခရီးတိုသွားမယ့် ခရီးသည်တွေကို ငြင်းဆိုတတ်လေ့ရှိပြီး သူတို့ဟာ တက္ကစီ မီတာကိုလည်း မသုံးပဲ ငွေပိုတောင်းတာတွေလည်း လုပ်လေ့ရှိပါတယ်။ 

 ဒီအပြင် တက္ကစီမာဖီးယားတွေဟာ ခရီးသည်သွားလိုတဲ့ခရီးကို သွယ်ဝိုက်ပြီး မောင်းတာ၊ ခရီးကို လှည့်ပတ်မောင်းပြီး တရားမ၀င်ကိစ္စတွေလုပ်ဖို့ ဖျားယောင်းတာ၊ ခရီးသည်ကို မကြည်ရင် မကြည်သလို လမ်းခုလပ်မှာ ချထားခဲ့တွေလည်း လုပ်တတ်ပြီး အခန့်မသင့်ရင် အဖိုးတန်ပစ္စည်းလုယုတာမျိုးတွေလည်း လုပ်တတ်ပါတယ်။ 

တက္ကစီ မာဖီးယားတွေဟာ ဒွန်မောင်လေဆိပ်အပါအ၀င် Victory Monument စတဲ့ နေရာတွေမှာလည်း အလားတူ ကွန်ရက်ဖွဲ့လုပ်လေ့ရှိတတ်ပါတယ်။ 

ဒီတက္ကစီ မာဖီးယားတွေရဲ့ သတင်းဆိုးတွေနဲ့ပတ်သက်လို့လည်း ခရီးသည်တွေက မကြာခဏဆိုသလို တိုင်ကြားမှုတွေ လက်ခံရရှိတယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ 

ဘန်ကောက်မြို့နဲ့အနီးဝန်းကျင်မှာ တက္ကစီ အုပ်စု ၂ ခုရှိပြီး ပထမ အုပ်စုကတော့ သုဝဏ္ဏဘုမ္မိလေဆိပ်မှာ တရားဝင် မှတ်ပုံတင်ထားတဲ့ တက္ကစီပေါင်း ၇ ထောင်လောက်ရှိတယ်လို့ ဆိုပါတယ်။ 

အဲဒီထဲက ၃ ထောင်လောက်ကပဲ လေဆိပ် ဂိတ်ကို ပုံမှန်လာလေ့ရှိတယ်လို့ ဗိုလ်ချုပ် နီရန်ဒွန်က ပြောပါ တယ်။ 

တရားဝင် မှတ်ပုံတင်ထားတဲ့ တက္ကစီ ၇ ထောင် လောက်ထဲက ၇၀ ရာခိုင်နှုန်းလောက်က ကိုယ်ပိုင် တက္ကစီတွေဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ 

ဘန်ကောက်မှာ တက္ကစီ ဒုတိယအုပ်စုကတော့ အကြီးဆုံး တက္ကစီအုပ်စုဖြစ်ပြီး တက္ကစီကားပေါင်း ၁ သိန်း ၁ သောင်း ကျော်ရှိပြီး အဲဒီထဲက ၇ သောင်းလောက်က တက္ကစီ ရေဒီယို အော်ပရေတာတွေနဲ့ ချိတ်ဆက် ပြီး မောင်းနှင်နေတာ ဖြစ် တယ်လို့ ဆိုပါတယ်။ 



ထိုင်း စစ်ကောင်စီ အစိုးရက မတရား လုပ်နေတဲ့ တက္ကစီ မာဖီးယားတွေကို မောင်းထုတ်ဖို့ အမိန့်လည်း ထုတ်ပြန်ထား ပြီး လေဆိပ်မှာ တရားဝင် အများသုံးတက္ကစီတွေကို ဒီ ၁ လအတွင်း ကွန်ပြူတာစနစ် နဲ့ 
သေချာ စီမံတဲ့ တက္ကစီတွေကို ပိုကျယ်ပြန့်အောင်လုပ်သွားမှာလို့လည်းပြောထားပါတယ်။ 


 လင်းသန့် ~ 








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved