မြွေကလည်း တောက်တဲ့ကို အစာအဖြစ်ထိ မှန်းထားခဲ့ပေမယ့် ဒဏ်ရာနဲ့ နာနေတဲ့ တောက်တဲ့ က ငြိမ်နေ လိုက်ချိန်မှာ မြွေစိမ်း က စိတ်မဝင်စားတော့ပဲ ပြန်ထွက်သွားခဲ့တယ်။
မြွေစိမ်းပြန် ထွက် သွားတော့ တောက်တဲ့က သူ့အသက်ချမ်းသာရာ ရပြီ အထင်နဲ့ ငြိမ်နေရာက ထ ပြေး
တော့ မြွေစိမ်းက ပြန်လာပြီး တိုက်ခိုက်စားသောက်ဖို့ ကြိုးစားတယ်။
တောက်တဲ့ကလည်း ပြန်ခုခံ တယ်။ နောက်ဆုံးတော့ မြွေစိမ်းက တောက်တဲ့ကို အနိုင်ရပြီး မြို ပစ်နိုင်ခဲ့ တယ်။ ဒီဖြစ်ရပ်က တောင်အာဖရိက နိုင်ငံ Tugela မြစ်ကမ်းဘေးက စခန်းတခုမှာ ဖြစ်ပျက်ခဲ့တာပါ။
တိရိစ္ဆာန် လောကမှာ လျှင်သူ စားကြစတမ်း ဆိုတဲ့ တောတွင်း ဥပဒေက ရှိနေပြီးသား။
ဒါကို လူ့လောကမှာလည်း ကြီးနိုင်ငယ်ညှင်း လျှင်သူ စားစတမ်း လုပ်ကြရင် တိရိစ္ဆာန်လောကနဲ့ မခြားဘူးလို့ ဆိုစကားတွေ ရှိခဲ့တာကို သင်ခန်းစာရစေတယ်။
အိမ့်သံစဉ် ~
0 comments :
Post a Comment