~
တနင်္ဂနွေနေ့မှာ ပုဂံညောင်ဦးဒေသကို သွားရောက်ခဲ့တဲ့ Myanmar Miss Universe 2014 ပြိုင်ပွဲဝင် အလှမယ် အယောက် ၂ဝ က သူတို့ရဲ့ လူမှုရေး လှုပ်ရှားမှု ခရီးစဉ် တတိယနေ့မှာ ရှေးဟောင်းစေတီတွေပြည့်နေတဲ့ ဒီဒေသတွင်း ပလပ်စတစ် ကင်းစင်ရေး လှုံ့ဆော်ခဲ့ကြတယ်လို့ သိရပါတယ်။
ပြိုင်ပွဲစီစဉ်သူတွေရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ သူတို့ရဲ့ လှုပ်ရှားမှုဓာတ်ပုံတွေကို ပုံမှန်တင်နေရာမှာ အမှိုက်ရှင်းနေတဲ့ပုံတွေ ဒီနေ့ တက်လာတာပါ။ အထင်ကရ စေတီပုထိုးတွေဖြစ်တဲ့ အာနန္ဒာ၊ သဗ္ဗညုတို့အကြားမှာ ရှင်းလင်းရေး ဆောင်ရွက်ခဲ့ကြတာပါ တဲ့။

- Miss Universe Myanmar ပြိုင်ပွဲဝင်သူများနဲ့ ပုဂံဒေသ ကလေးငယ်များ
http://blog.irrawaddy.org/2014/06/blog-post_4698.html
သဘာဝပတ်ဝန်းကျင်ကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတဲ့ ပလပ်စတစ်တွေဟာ အလိုအလျောက် ပျက်စီးဖို့ အင်မတန် ခက်ခဲပါတယ်။ မီးရှို့ရှင်းလင်းရင်လည်း ဘေးထွက်ဆိုးကျိုးတွေ ရှိပါလိမ့်မယ်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေး အထူးသဖြင့် ပလပ်စတစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တခါသုံးပလပ်စတစ်ဆိုင်းဘုတ်တွေသုံးခြင်း အတတ်နိုင်ဆုံး ရှောင်ရှားဖို့တော့ အချိန် ယူရဦးမယ် ထင်ပါတယ်။
.
0 comments :
Post a Comment