စစ်ယူနီဖောင်းဖက်ရှင်

Monday, June 2, 2014

 ~

 
ထိုင်းနိုင်ငံမှာ အရပ်သားတွေ စစ်ယူနီဖောင်း ဝတ်ဆင်တာဟာ သင့်တော်မှုမရှိ သို့မဟုတ် ဥပဒေချိုးဖောက်ရာရောက်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
အဲဒီလို ဝတ်ဆင်ခြင်းကြောင့် စစ်တပ်အပေါ် အထင်အမြင်မှားစေတယ်လို့ ဆိုပါတယ်။
Soldiers block the entrance to an elevated train station near a shopping mall in central Bangkok on June 1, 2014. Thailand’s military government sent thousands of troops and police into the area to deter demonstrations against its seizure of power. (Photo: Reuters)
 .
အခုချိန်မှာ စစ်ဝတ်စစ်စား ဒါမှမဟုတ် စစ်ယူနီဖောင်းနဲ့ဆင်တူတာမျိုး ဝတ်ဆင်တာကို ရှောင်ရှားကြပါ လို့ စစ်ကောင်စီ ပြောခွင့်ရအရာရှိရဲ့ ပြောဆိုချက်ကို ဘန်ကောက်ပို့စ်သတင်းစာအွန်လိုင်း သတင်းတပုဒ်မှာ တွေ့ရပါတယ်။
ဒီတိုက်တွန်းချက်က အမျိုးသားရော အမျိုးသမီးပါ ရည်ရွယ်တယ်လို့ ပြောပါတယ်။

ကြာသပတေးနေ့က ယခင်အစိုးရကဆန့်ကျင်ရေးအင်အားစုခေါင်းဆောင်များ စားသောက်ဆိုင် တဆိုင်မှာ တွေ့ကြ စုဝေးကြတယ်၊ အများအပြားက ပျောက်ကျားအင်္ကျီတွေ ဝတ်ထားကြတယ်လို့ ဆိုတယ်။
ဒီလို ကာလမျိုးမှာ ဒီလို ဝတ်စားဆင်ယင်တဲ့အတွက် ဒေါသတကြီးဝေဖန်သံတွေ ဆူညံခဲ့တာပါ။

စစ်ဝတ်စစ်စား မဝတ်ကြဖို့ စစ်ကောင်စီရဲ့ တိုက်တွန်းချက်က အဲဒီဖြစ်ရပ်နဲ့ ဆက်စပ်ဖွယ်ရှိပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာပြည်သားအများအပြားလည်း ယခင်က ပျောက်ကျားဝတ်စုံ ဝတ်တတ်ကြပါတယ်။ လက်ရှိအချိန်မှာတော့ ဒီသတင်း ကြားမိရင် ဆင်ခြင်ကြမယ်လို့ ယူဆရပါတယ်။ ဒီကနေ့ ဧရာဝတီအွန်လိုင်းစာမျက်နှာ သတင်းတပုဒ် http://www.irrawaddy.org/asia/thai-forces-descend-central-bangkok-stifle-coup-protests.html မှာတော့ ...
ဘန်ကောက်မြို့ပေါ် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြမှုတွေ ဖြစ်လာမှာကို တားဆီးတဲ့အနေနဲ့ စစ်တပ်၊ ရဲတပ်ဖွဲ့ အင်အား တိုးချဲ့ချထားတယ်လို့ ဆိုပါတယ်။ အရေအတွက်က ခြောက်ထောင်နီးပါးရှိပါတယ်။

ပြီးခဲ့တဲ့ ဆယ်ရက်အတွင်း အာဏာသိမ်းမှုဆန့်ကျင်တဲ့လှုပ်ရှားမှုတွေ ဘန်ကောက်မှာ နေ့တိုင်းလိုလို ဖြစ်ပွားခဲ့ပါတယ် တဲ့။

သောကြာနေ့ ရုပ်မြင်သံကြားမိန့်ခွန်းမှာတော့ အာဏာသိမ်းစစ်ခေါင်းဆောင်က... ယာယီ အခြေခံဥပဒေတခု ဆွဲမယ်၊ အိမ်စောင့်အစိုးရဖွဲ့မယ် အဲဒါတွေက တနှစ်ကြာမယ်လို့ ပြောပါတယ်။
အဲဒါတွေပြီးရင်တော့ ရွေးကောက်ပွဲကျင်းပမယ်လို့ ဆက်ပြောပါတယ်။


 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved