မလုံခြုံသော သဘာဝ အမွေ ဓာတ်ပုံမှတ်တမ်းပြပွဲ ကျင်းပမယ်

Tuesday, June 3, 2014

  နိုင်ငံဖြတ်ကျော် မြန်မာ-တရုတ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတလျှောက် ဒေသတွေက ဒေသခံ
ပြည်သူတွေရဲ့ ဘ၀နဲ့ ခံစားမှု ပုံရိပ်လွှာတွေကို မှတ်တမ်း ဓာတ်ပုံပြပွဲအဖြစ် ဇွန်လ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ Save Natural Heritage က ဦးဆောင်ပြီး ပြုလုပ်ဖို့ ရှိပါတယ်။


မှတ်တမ်း ဓာတ်ပုံပြပွဲကို  ရန်ကုန်မြို့ ၃၅ လမ်း အလယ်ဘလောက် အမှတ် ၁၃၄ မှာ ရှိတဲ့ River Ayeyarwaddy Gallary မှာ မနက် ၁၁ နာရီကနေ ညနေ ၅ နာရီထိ ပြသသွားမှာဖြစ်ပါတယ်။

မြန်မာ-တရုတ် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းသွားရာ ဒေသတွေဖြစ်တဲ့ မကွေးတိုင်း ဒေသ ကြီး၊ မင်း ဘူး ခရိုင်၊ ငဖဲမြို့နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ္မတူ မြို့နယ် 
တွေမှာဒေသခံ ပြည်သူ တွေ ကို အခြေခံတဲ့ လူ့အခွင့်အရေး၊ လူမှုဘဝသက်ရောက်မှု၊ သဘာဝဝန်းကျင် ထိခိုက်မှုတို့ကို စစ်တမ်းကောက်ယူပြီး၊ ဒေသခံပြည်သူတွေရဲ့မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း အပေါ် ရှုမြင်ပုံ၊ ခံစားပုံတို့ကို တစ်နိုင်ငံလုံး က ပြည်သူများနဲ့သက်ဆိုင်ရာလုပ်ငန်း အကောင် အထည်ဖော်သူများသိစေဖို့ အတွက် အခု လို ဓာတ်ပုံ ပြပွဲကို ကျင်းပ ရ တာဖြစ်တယ်လို့ ဦးဆောင်စီစဉ်သူ
တွေက ပြောပါတယ်။ 



အိမ့်သံစဉ် ~ 











0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved