အီရန်မှာ မွှေသွားတဲ့ သဲမုန်တိုင်း

Tuesday, June 3, 2014

အီရန်နိုင်ငံ တီဟီရန်မြို့မှာ ဇွန်လ ၂ ရက်နေ့က တနာရီကို ကီလိုမီတာ ၁၁ဝ နှုန်းနဲ့ တိုက်ခတ်သွားတဲ့ သဲမုန်တိုင်းပါ။ အံ့သြဖို့လည်း ကောင်းပါတယ်။ တိရိစ္ဆာန်ကြီးတကောင်အလားသဏ္ဍန်ရှိတဲ့ သဲမုန်တိုင်းကို ယူကျုပေါ်က ဗွီဒီယိုမှာ မြင်ကြရမှာဖြစ်ပါတယ်။ 


ဓာတ်ပုံ- khaosod

အဲဒီသဲမုန်တိုင်းကြောင့် လူ ၅ ဦးသေဆုံးပြီး လူ ၅ဝ ကျော် ဒဏ်ရာရကာ အဆောက်အဦးမှန်တွေကွဲ၊ ယာဉ်
တွေ မတော်တဆဖြစ်၊ တချို့ သစ်ပင်တွေ ပြိုလဲကျွတ်ထွက် တချို့အဆောက်အဦတွေလည်း ပျက်စီးသွားခဲ့ တယ်လို့ သိရပါတယ်။ 

အီရန် သတင်းတပုဒ်မှာတော့ မကောင်းဆိုးဝါး သဲမုန်တိုင်းရယ်လို့ အမည်တပ်ထားပါတယ်။ အခု ယူကျု မှာ မြင်ရတဲ့ မြင်ကွင်းတွေအရလည်း စာဖတ်သူတွေလည်း စိုးရိမ်ထိပ်လန့်မိကြမှာပါ။

  


  


အိမ့်သံစဉ် ~









0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved