ပုဒ်မ ၁၈ လက်မခံသူ တိုက်ပွဲဝင်နှင်းဆီ- စုစုနွေး

Monday, June 23, 2014

လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ မစုစုနွေးက ပုဒ်မ ၁၈ ကို ဆန့်ကြင်သူဖြစ်လို့ သူ့ကို ပုဒ်မ ၁၈ နဲ့ ဖမ်းမယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေ ရှိလာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ 

 ဓာတ်ပုံ- စုစုနွေး ဖေ့စ်ဘုတ်

ဇွန်လ ၂၂ ရက်နေ့က ခင်ပွန်းဖြစ်သူ ကိုမာကီးထံကို လှိုင် မြို့နယ် ရဲစခန်းက ဖုန်းဆက်တယ်လို့ သူက ဆိုပါတယ်။ အဲဒီ ကိစ္စနဲ့ပတ်သက်ပြီး မစုစုနွေးက သူ့ဖေ့စ်ဘုတ်မှာ ပြောထားတာက 

"ဒီကနေ့ ညနေက ကျမရဲ့အမျိုးသား ကိုကြီး မာကီဆီကို လှိုင်သာယာမြို့နယ် ရဲစခန်းက ဒုရဲအုပ် တ 
ယောက်က ဖုန်းဆက်ပါတယ် တဲ့။ ကျမကို လှိုင်သာယာရဲစခန်းမှာ အမှုဖွင့်ထားတာမို့ လာရောက်ဖြေရှင်း ဖို့နဲ့ မေးစရာတာတွေ ဖြေကြားဖို့ပါ။ ဘယ်တော့လာပေးနိုင်မလဲ တဲ့။ ကျမကတော့ ဘယ်တော့မှ မလာနိုင် ပါဘူး။ ဘယ်ကိုမှလည်း ထွက်မပြေးပါဘူး။ ကျမမှာ ပြစ်မှုကျူးလွန်မှုရှိနေရင် သက်ဆိုင်ရာတရားရုံးကနေ ဖမ်းဝရမ်းနဲ့ လာဖမ်းနိုင်ပါတယ်။ တခုတော့ရှိတယ် ပုဒ်မ (၁၈) ကိုတော့ ကျမ လုံးဝလက်မခံနိုင်ပါဘူး။ အဲဒီ့ပုဒ်မနဲ့ လာဖမ်းမယ် ဆိုရင်တော့ မလိုလားအပ်တဲ့ ပြဿနာတွေ ရှိလာနိုင်ကြောင်း ကြိုတင်အသိပေး ထားပါရစေ" လို့ မစုစုနွေးက ရေးထားပါတယ်။ 

လာမယ့် ဇွန်လ ၂၅ ရက်နေ့မှာတော့ တိုက်ပွဲဝင် နှင်းဆီ -စုစုနွေး ဆိုတဲ့ စာအုပ်ကို စာနယ်ဇင်း မိတ်ဆက်ပွဲ လုပ်ဖို့လည်း ရှိပါတယ်။ 

" တိုက်ပွဲဝင်နှင်းဆီ - စုစုနွေး "

ကျမရဲ့နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံတွေကို မှတ်တမ်းတင်ထားတဲ့ "တိုက်ပွဲဝင်နှင်းဆီ စုစုနွေး" စာအုပ် မိတ်ဆက်ပွဲနဲ့ စာနယ်ဇင်းရှင်းလင်းပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မှာဖြစ်တဲ့အတွက် စာချစ်သူများ၊ နိုင်ငံရေးအင်အားစုဝင်များ၊ လက်တွဲဖော် မိတ်ဆွေသူငယ်ချင်းများအားလုံး ကြွရောက် အားပေးကြဖို့ လေးစားစွာ ဖိတ်ကြားအပ်ပါတယ်ရှင့် .... ။

 နေ့ရက်။ ။ ၂၅၊ ၆၊ ၂ဝ၁၄(ဗုဒ္ဓဟူးနေ့)။ 
အချိန်။ ။ နေ့လည် (၁းဝဝ) နာရီမှ (၃းဝဝ)နာရီအထိ။
 နေရာ။ ။ HOME MEDIA ဗိုလ်အောင်ကျော်လမ်း(အောက်ဘလောက်)။




 အိမ့်သံစဉ် ~














0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved