ဒါလား ဟဲ့ ခေတ်စတိုင်လ်

Monday, June 30, 2014

အနောက်နိုင်ငံတွေနဲ့ နိုင်ငံတော်တော်များများမှာ အခု ခေတ်စားနေတဲ့ စတိုင်လ်တမျိုးက ကိုယ့်အသား အနာခံ လုပ်ကြတာမျိုးပါ။ တချို့က စတိုင်လ်ရှိမှ စတားဖြစ်တယ်လို့ ဆိုကြလေတော့ အခု ဓာတ်ပုံတွေထဲ မှာ တွေ့ရတာတွေ ကြည့်ပြီး ဒါလားဟဲ့ ခေတ်စတိုင်လ်ဆိုပြီး အထူးသဖြင့် လူလတ်ပိုင်းတွေနဲ့ လူကြီးပိုင်း
တွေ ပြောမှာ သေချာပါတယ်။ 


ဓာတ်ပုံ- The Mirror

လူငယ်တွေဟာ ခေတ်ကို ဆန်းသစ်တတ်ကြတာ သဘာဝဖြစ်ပါတယ်။ ဒါပေမယ့် တချို့ ဆန်းသစ်တဲ့ စတိုင်လ်တွေကို ခေတ် က လက်ခံပါ့မလားဆိုတာတော့ တွေးစရာ ရှိတာပေါ့။ 

အခု ဓာတ်ပုံထဲက မော်ဒယ် လူငယ်လေးဟာ ဆယ်ကျော်သက် ဘဝမှာကတည်းက ခေတ်ဆန်အောင် တီထွင်တဲ့နေရာမှာ ကိုယ့်အသားကို ဖောက်၊ ကွင်းတွေ၊ နားသန်သီးတွေ၊ ချိတ်ဆွဲ၊ ဆေးမင်ကြောင်တွေ ထိုး၊ စတဲ့ ခန္ဓာကိုယ်အသားအရေးကို ပျက်ဆီးစေတဲ့ နည်းလမ်းတွေ နဲ့ လုပ်ဆောင်ထားတာပါ။ 

မြန်မာနိုင်ငံမှာလည်း တချို့ လူငယ် အမျိုးသား၊ အမျိုးသမီးတချို့တောင် ချက်၊ လျှာ၊ နား၊ နှာခေါင်း စတာတွေမှာ ဖောက်ပြီး ချိတ်ဆွဲထားတတ်တဲ့ စတိုင်လ်တွေ လုပ်လာနေကြတာ တဖြည်းဖြည်း များ လာနေပြီလို့ ပြောနေကြပါတယ်။ 

စတိုင်လ် ရှိတာ ကောင်းပါတယ်။ ဒါပေမယ့် ဒီ စတိုင်လ် ကြောင့် ကိုယ့် ကျန်းမာရေး၊ ကိုယ်ခန္ဓာပျက်ဆီး သွား မယ့် ကိစ္စမျိုးကိုတော့ ရှောင်ရှားသင့်ကြပါတယ်။ လူငယ်တွေ အတုခိုးမမှားစေဖို့ သတိနဲ့ ဗဟုသုတ ရှိသင့်ကြပါတယ်။ 







အိမ့်သံစဉ် ~ 










0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved