ဧရာဝတီ နှင့် ရဲသတင်းတပ်ဖွဲ့ တွေ့ဆုံမှု

Thursday, June 26, 2014

 ~




"ရဲတပ်ဖွဲ့၏ ဖိတ်ခေါ်ချက်အရ ဧရာဝတီသတင်းဌာနနှင့် သတင်းတပ်ဖွဲ့မှ ရဲမှူးကျော်စိုးနှင့်အဖွဲ့ တွေ့ဆုံ
"


(ဓာတ်ပုံ - ဧရာဝတီသတင်းဌာနမှ အယ်ဒီတာ ၂ ဦးနှင့် ရဲမှူးကျော်စိုးဦးဆောင်သော သတင်းတပ်ဖွဲ့တို့ ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းရှိ ရဲတပ်ဖွဲ့ရုံးတွင် တွေ့ဆုံနေစဉ်။)


ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၏ ဖိတ်ကြားချက် အရ ဧရာဝတီသတင်းဌာနမှ အယ်ဒီတာ၂ ဦးက ရန်ကုန်တိုင်း သတင်းတပ်ဖွဲ့ရုံးသို့ သွားရောက်၍ ရဲမှူးကျော်စိုးနှင့်အဖွဲ့ မွန်းလွဲ ၁ နာရီ ၃၀ မှ ၂ နာရီ ၃၀ မိနစ် အထိ တနာရီကျော်ကြာတွေ့ဆုံခဲ့ပါသည်။


ရဲမှူး ကျော်စိုးက မိမိကိုယ်တိုင် ဧရာဝတီရုံးသို့ လာရောက် ၍ တွေ့ဆုံလိုသော်လည်း အကြောင်းကြောင်းများကြောင့် ယခုကဲ့သို့ ရဲတပ်ဖွဲ့ရုံးသို့ ဖိတ်ခေါ်ရခြင်းအတွက် အားနာပါကြောင်း၊ ခေါ်ယူစစ်ဆေးမှု ပုံစံမျိုးမဟုတ်ဘဲ ရင်းရင်းနှီးနှီး တွေ့ဆုံ ခြင်းဖြစ်ပါကြောင်း၊ ငွေကြေးခ၀ါချမှုနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းခြင်းမျိုးလည်းမဟုတ်ကြောင်း၊ လူကြီးများ၏ ခိုင်းစေ ချက်အရ တွေ့ဆုံခြင်းဖြစ်ပြီး နှစ်ဖက် ပြောဆိုချက်များကို ပြန်လည် တင်ပြမည်ဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဖက် အမြင် များ ပွင့်လင်းစွာ ပြောဆိုနိုင်ကြောင်း၊ မေးခွန်းများကို မဖြေလိုပါက မဖြေနိုင်ကြောင်း၊ အတင်းအကျပ် ဖြေဆိုရမည် ဆိုသော သဘောမရှိကြောင်း မိတ်ဆက်ပြောဆိုသည်။

သတင်းတပ်ဖွဲ့အနေနှင့် ပြည်တွင်းသတင်းမီဒီယာများ၏ လိုအပ်ချက်၊ အခက်အခဲနှင့် အခြေအနေများကို သိရှိလိုကြောင်း၊ သိရှိသမျှကိုလည်း လူကြီးများထံ ပြန်လည်တင်ပြပေးမည်ဖြစ်ကြောင်းရဲမှူးကျော်စိုးက ဆိုသည်။

ယင်းနောက် ရဲမှူးကျော်စိုးက ဧရာဝတီသတင်းဌာန တည်ဆောက်ပုံ၊ ၀န်ထမ်း အင်အား၊ မြန်မာဂျာနယ်စောင်ရေ၊ အင်္ဂလိပ်မဂ္ဂဇင်းစောင်ရေ၊ ဂျာနယ် Return အရေအတွက်၊ အရှုံး၊ အမြတ် အခြေအနေများစွာကို ဦးတည် မေးမြန်းခဲ့သည်။

ထို့ပြင် ဧရာဝတီသတင်းဌာန၏ ရပ်တည်ချက်၊ သဘောထားများကိုလည်း ဆက်လက်မေးမြန်းသည်။ ရဲမှူးကျော်စိုးက သတင်းဂျာနယ်များ၏ မတူညီသော ရေးသားချက်များကြောင့် ၀ိဝါဒ ကွဲပြားစရာ များစွာရှိကြောင်း၊ ဂျာနယ် များ အရှုံး ပေါ်နေလျက် နှင့် မည်သို့ မည်ပုံ ဆက်လက်ရပ်တည်နေသည်ကိုလည်းစိတ်ဝင်တစား သိရှိလိုသည်ဟု ဆိုသည်။

ဧရာဝတီ သတင်းဌာန အနေဖြင့် သဘောထားနှင့်မူဝါဒ ကို ရှင်းပြခဲ့ပြီး Businessနှင့်သက်ဆိုင်သော မေးမြန်းမှုကို လုပ်ထုံးလုပ်နည်းအရ မဖြေဆိုနိုင်ကြောင်း၊ ပုံမှန်အားဖြင့် ပြည်တွင်းအခွန်များဦးစီးဌာနသို့ Business အခြေအနေများ နှစ်စဉ် တင်ပြရကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ Business အခြေအနေ မေးမြန်းမှုကို လုပ်ထုံးလုပ်နည်းနှင့်မညီသဖြင့် မဖြေဆိုနိုင်ကြောင်း ရှင်းပြခဲ့သည်။

ရဲမှူးကျော်စိုးက သတင်းမီဒီယာများကို ခေါ်ယူတွေ့ဆုံမှုသည် စစ်ဆေးမေးမြန်းခြင်းမျိုး မဟုတ်ကြောင်း ထပ်မံ ပြောဆိုပြီး သတင်းရေးသားမှုများတွင် စစ်မေးမြန်းသည့် ပုံစံမျိုးရေးသားကြကြောင်း၊ ဖိတ်ခေါ်၍ မလာနိုင်သော ဂျာနယ်များကို မလာနိုင်သည်ဟုသာ လူကြီးများထံ တင်ပြမည်ဖြစ်ပြီး တစုံတရာ အနှောင့်အယှက်ပေးခြင်း၊ ပြဿနာ ရှာခြင်းများ လုံးဝ ပြုလုပ်မဟုတ်ဟုပြောဆိုသည်။

ဧရာဝတီသတင်းဌာနက လူကြီးများက ခိုင်း၍ လုပ်ရသည်ဟုဆိုသောကြောင့် ညွှန်ကြားချက်ပေးမှုနှင့် ညွှန်ကြား စေခိုင်းသည့် အကြောင်းအရာကို စုံစမ်း မေးမြန်းခဲ့သော်လည်း ရဲမှူးကျော်စိုးက လူကြီးများထံ Presentation တင်ပြရန်အတွက်သာ ဖြစ်သည်ဟု ရှင်းလင်းပြောဆိုခဲ့သည်။

သတင်းတပ်ဖွဲ့က မီဒီယာများကို တွေ့ဆုံနေမှုနှင့်ပတ်သက်၍ တရားဝင် အင်တာဗျူးလုပ်လိုကြောင်း ဧရာဝတီသတင်းဌာနက တောင်းခံသောအခါ ရဲမှူးကျော်စိုးက မိမိအနေဖြင့် မဖြေနိုင်ပါကြောင်း ပြောဆိုခဲ့သည်။်


ဆက်စပ်

 


.

2 comments :

  1. Anonymous said... :

    ဒါဘဲ သူတို့ အလှည့် ကြ ဝေ့ဝေ့လည်လည်

  1. Unknown said... :

    Police puppet officer said I can not give answer to your query. I am brainless and puppet. I will present it to my masters. Pathetically brainless clueless lunatic Generals.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved