မြစ်သားမြို့ လူတရာကျော်အစာအဆိပ်သင့်မှု

Wednesday, June 4, 2014

 ~




စနေနေ့က မန္တလေးတိုင်း မြစ်သားမြို့နယ်၊ ငါးဆူကျေးရွာ မင်္ဂလာဧည့်ခံပွဲတခုကို သွားရောက်ခဲ့သူတွေ အစာအဆိပ်သင့်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။  ဒီသတင်းကို ရန်ကုန်အခြေစိုက် အရပ်ဘက်သတင်းစာများမှာရော၊
အစိုးရအာဘော်သတင်းစာတွေမှာပါ  တနင်္ဂနွေနေ့က ရေးသားထားကြပါတယ်။

မနက်ပိုင်း မင်္ဂလာဆောင်မှာ ဧည့်ခံတည်ခင်းတဲ့ ကြက်သားဒန်ပေါက်ကို စားမိပြီး သိပ်မကြာခင် အော့အန်ကြ၊ ဝမ်းလျှောကြ၊ ခေါင်းမူးကြတယ်လို့ ဆိုတယ်။

ချက်ပြုတ်သူတွေရဲ့ အားနည်းချက်ကြောင့်လည်း၊ ချက်ပြုတ်ရာမှာ ပါဝင်တဲ့ ဘယ်ပစ္စည်းက မသန့်ရှင်းလို့လား စသဖြင့် မေးခွန်းတွေ ပေါ်လာပါတယ်။
ဘာကြောင့် ဒီလို ဖြစ်ရတယ် ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါ။  အစားအသောက် နမူနာများကို ဓာတ်ခွဲခန်း ပို့ထားဆဲပါ။

အစာအဆိပ်သင့်ပြီး ဆေးရုံဆေးခန်းရောက်သွားသူများထဲမှာ သတို့သား၊ သတို့သမီးလည်း ပါဝင်တယ်လို့ ဆိုတယ်။

တရာကျော် ရှိတယ်လို့ သတင်းတွေက ဆိုတယ်။  တချို့ကလည်း နှစ်ရာနီးပါး ရှိတယ်လို့ ဆိုတယ်၊
နီးစပ်ရာ ဆေးရုံဆေးခန်း ရောက်သွားကြတယ်၊ ကုသမှု ခံယူကြတယ်၊ စိုးရိမ်စရာ မလိုတော့ဘူး လို့ သတင်းတွေမှာ ရေးထားကြပါတယ်။

 



.

1 comments :

  1. Unknown said... :

    အစာ အဆိပ်သင့်တာ ၀ယ်ယူပစ္စည်း၊ ရေ ၊ ချက်ပြုတ်သူ ၊ အသုံးပြုပုံ၊.....ကြက်နာတွေလား........အားလုံးပြန်စစ်ဆေးသင့်ပါတယ်..၊ပြီးယင် ပြီးရောမလုပ်သင့်ပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved