ထိုင်းမှာ ညမထွက်ရအမိန့် ရုပ်သိမ်းတဲ့ နေရာ ၃ ခု

Wednesday, June 4, 2014

ထိုင်းနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီက ဖူးခက်၊ ပတ္တရားနဲ့ ကော့စမွိုင်ဆိုတဲ့ နေရာ ၃ ခုမှာ ညမထွက်ရ အမိန့်ကို မနေ့က ရုပ်သိမ်းလိုက်ပါပြီ။ 


ဓာတ်ပုံ-The Nation

ဒီနေရာတွေက နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားတွေ အလွန်များတဲ့ နေရာဖြစ်လို့ ထိုင်း စီးပွားရေးမှာ အဓိက တခုဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း မထိခိုက်ဖို့ ဖြစ်ပါတယ်။ 

ဘန်ကောက်မြို့နဲ့ ကျန်တဲ့ နိုင်ငံ တ၀န်းမှာတော့ ပြင်ဆင်ဖြေလျှော့ထားတဲ့ ည ၁၂ နာရီကနေ မနက် ၄ နာရီ ထိ ညမထွက်ရ အမိန့်က ဆက်ရှိနေဆဲပါဘဲ။ 

ဘန်ကောက်မြို့အပါအဝင် ချင်းမိုင်နဲ့ မြို့ကြီးတချို့မှာတော့ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ကန့်ကွက် ဆန္ဒပြတာတွေကို ပြောက်ကျားလုပ်ဆောင်နေကြပြီး စစ်အာဏာသိမ်း ထောက်ခံဆန္ဒပြတာမျိုးလည်း ထိုင်းသတင်းတွေမှာ တွေ့ရပါတယ်။ 

ထိုင်း စစ်တပ်ကတော့ စစ်အာဏာသိမ်း ကန့်ကွက် ဆန္ဒပြသူတွေ လှုပ်ရှားနိုင်မယ့် နေရာတော်တော် များများမှာ လုံခြုံရေးအပြည့်ယူထားပါတယ်။ 

အခုနောက်ပိုင်း အရပ်ဝတ် စစ်ထောက်လှမ်းရေးနဲ့ ရဲတွေက ကန့်ကွက်ဆန္ဒပြသူတွေကို လူအုပ်ထဲ ဝင်ဖမ်းတာမျိုးတွေလည်း ရှိလာနေပါတယ်။ အာဏာသိမ်း စစ်ကောင်စီရဲ့ အပြောအရ ရွေးကောက်ပွဲ လုပ်ပေးဖို့တော့ အတော်ကြာအုံးမယ်လို့ ပြောထားပါတယ်။ 


အိမ့်သံစဉ် ~ 







0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved