၇ နှစ်သမီး ကာရာတေး ခါးပတ်အနက်ပိုင်ရှင်

Wednesday, June 4, 2014

အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်လေးက ကာရာတေး ခါးပတ်အနက်ဆိုတော့ ဧရာဝတီ ပရိသတ် အနေနဲ့ အံ့သြသွားမလား မသိပါဘူး။ ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းကြီးကတော့ အဲဒီ ၇ နှစ်သမီး ကာရာတေး ခါးပတ်အနက် ပိုင်ရှင် Mahiro နဲ့ပတ်သက်ပြီးသတင်းတိုနဲ့ ဗွီဒီယိုကို တင်ထားပါတယ်။ 



"We do not recommend messing with her 

This is Mahiro, and at age 7, she has already earned her black belt in Kanku Dai karate. At first glance, you might think she looks “cute” or “sweet” or “adorable.” But realistically, she could beat up your entire family. " လို့ တိုင်းမ် မဂ္ဂဇင်းက သတင်းတိုလေးရေးထားပါတယ်။ 

ဗွီဒီယိုကိုလည်း တင်ထားပါတယ်။ 

အဲဒီသတင်းရဲ့ ကွန်မန့်တွေမှာတော့ တချို့ဆို အတော်ဆိုးဆိုးဝါးဝါး အပြစ်တင်ထားတာမျိုးလည်း ရှိသလို အကြောင်းမဲ့ တိုက်ခိုက်ထားတာမျိုးလည်း တွေ့ရပါတယ်။ 

အဲဒီလို ဆိုးဝါးတဲ့ ကွန်မန့်တွေနဲ့ပတ်သက်ပြီး ကွန်မန့်တခုက သူတပါးကို အားနည်းချက်ကို လိုက်မြင်ပြီး အပြစ်တင်တာ အလွယ်ဆုံး အလုပ်ပါ။ ဒါပေမယ့် ဘာအကျိုးမှ မရှိပါဘဲ ကွန်မန့် ပေးသူရဲ့အဆင့်အတန်း
တွေနဲ့ စိတ်ဓာတ်ကို လူတွေကို သူက ချပြလိုက်တာပဲလို့  ဝေဖန်ထောက်ပြထားပါတယ်။ 

၇ နှစ်သမီးကလေးကတော့ သူ့ရဲ့ ကာရာတေး အစွမ်းကို ဒီလို ပြသ သွားပါတယ်။

  


 အိမ့်သံစဉ် ~ 


 







0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved