မြန်မာလူငယ်တွေရူးသွပ်ကြတဲ့ K-Pop ရေစီး

Sunday, June 8, 2014

 ~





ကိုရီးယား ဖက်ရှင်၊ ကိုးရီးယား ဇာတ်လမ်းတွဲ၊ ကိုးရီးယား အစားအစာ၊ ကိုးရီးယားစကား အစရှိတဲ့ ကိုးရီးယားဂယက်လှိုင်း ရိုက်ခတ်မှုတွေနဲ့ စီးဆင်းနေတဲ့ ဒီနေ့ ခေတ်ရေစီးကြောင်းထဲမှာ K-Pop လို့ ခေါ်တဲ့ Korean Pop ဂီတဟာ အဆို၊ အက တွဲလျက် မြူးမြူးကြွကြွ  Electro Pop ဂီတ တေးသီချင်းတွေ ဖြစ်ပြီး မြို့ပြလူငယ် တော်တော်များများ၊ အထူးသဖြင့် ဆယ်ကျော်သက်အရွယ် ကောင်လေး၊ ကောင်မလေးတွေ အကြားမှာ အထူးရေပန်းစားတဲ့ ဂီတ တမျိုးပါ။

တောင်ကိုရီးယား နိုင်ငံရဲ့ K-Pop ဂီတဟာ အခုဆိုရင် ကမ္ဘာမှာ အောင်မြင်တဲ့ အနေအထားတခုမှာ ရောက်ရှိနေပါပြီ။
 အထူးသဖြင့် အရှေ့ အာရှက လူငယ်တွေကြားမှာ ဝတ်စားဆင်ယင်မှု ဖက်ရှင် ရေစီးကြောင်း၊ ရုပ်ရည်အသွင်အပြင် ဒီဇိုင်း၊ ဆံပင်စတိုင်နဲ့ အကပညာတွေမှာ အတော်လေး လွှမ်းမိုးမှု ရှိနေတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တခု ဝန်းကျင်လောက်ကစလို့၊ မှတ်မှတ်ရရ ပြောရရင် တော့ ၂၀ဝ၅ ခုနှစ်လောက်က မြဝတီရုပ်သံလိုင်းမှာ စပြခဲ့တဲ့ “ဆောင်းဦးရွက်ကြွေ ချစ်သက်သေ” (Autumn in My Heart) ဆိုတဲ့ ကိုးရီးယား ဇာတ်လမ်း တွဲ တခုကနေ မြန်မာပရိသတ်တွေ Korean drama (K-drama) ကို စသိခဲ့ကြပါတယ်။

အဲဒီ ဇာတ်ကားထဲက ဂျွန်စော (ဆောင်ဆန် ဟွန်း) ၊ အွန်စော (ဆောင်းဟေဂျို)၊ ထယ်စောက် (ဝန်ဘင်း) စတဲ့ ဇာတ်ဆောင်သုံးဦးရဲ့ နာမည်ကို လည်း အခုထိ မှတ်မိကြနေဦးမှာပါ။
အဲဒီနောက်ပိုင်း K-Pop လို့ခေါ်တဲ့ Korean Pop Music နဲ့ မြန်မာ ပရိသတ်တွေ ပိုပြီး ထိတွေ့ရင်းနှီးခွင့် ရလာတာက တော့ ၂၀ဝ၅ ခုနှစ်နောက်ပိုင်း “ချစ်စံအိမ်” (Full house) ဆိုတဲ့ ဇာတ်ကားနဲ့ လီရောင်ဂျေးလို့ မြန်မာ ပရိသတ်တွေ အကြားမှာ နာမည်တွင်ကျန်ခဲ့တဲ့ ကိုရီးယား K-Pop အဆိုတော် Rain ရဲ့ မြူးမြူးကြွကြွ ကကွက်ဆန်းတွေနဲ့ သီချင်းတွေကနေ စတယ် လို့ ဆိုနိုင်ပါတယ်။ 


(ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)

အခုနောက်ပိုင်းမှာတော့ EXO, Big Bang, 2PM, 2 NE1, Girl Generation အစရှိတဲ့ K-Pop အဖွဲ့ပေါင်း များစွာရဲ့ သီချင်းပေါင်းများစွာက မြန်မာ K-Pop  ပရိသတ်တွေ အကြားမှာ အထူးရေပန်းစား လူကြိုက်များလို့ နေကြပါပြီ။ K-Pop သီချင်းတွေ ဟာ အင်္ဂလိပ်သီချင်းတွေလို မဟုတ်ဘဲ ဘာသာ စကားအရ နားလည်နိုင်ဖို့ ခဲယဉ်းတာတောင် လူငယ် တော်တော်များများက အရူးအမူးကို ကြိုက်နှစ်သက်ကြတာ တွေ့ရပါတယ်။ ဒါဟာ K-Pop အဆိုရှင်တွေရဲ့ အက အလှတွေနဲ့ သီဆိုဖျော်ဖြေမှု၊ ဖန်တီးမှုတွေအတွက် ကြိုးစားမှုရဲ့ရလဒ်ကောင်း တွေပဲ ဖြစ်ပါတယ်။

K-Pop ပရိသတ်တွေထဲမှာ ကိုရီးယား ဘာသာစကားကို နားမလည်ဘဲ သူတို့ရဲ့အဆို၊ အကနဲ့ ဖက်ရှင် ပုံစံတွေကို ကြိုက်ပြီး ရူးသွပ် နေတဲ့သူတွေ  ပိုများပါတယ်။
K-Pop ကို အများဆုံး အား ပေးကြတဲ့အရှေ့ အာရှနိုင်ငံတွေကတော့ ဂျပန် နဲ့ တရုတ်နိုင်ငံ တို့ပါပဲ။
K-Pop ဖျော်ဖြေရေးပွဲတွေ ဟာ အရှေ့အာရှမှာ လူသိများလာပြီးတဲ့ နောက်မှာ တော့  အနောက်နိုင်ငံတွေအထိပါ  ခြေဆန့် ဖျော်ဖြေလာတဲ့အထိ အောင်မြင် လူသိများလာခဲ့ပါတယ်။

“၁၇ နှစ် လောက်ကတည်းက စကြိုက်တာ။ K-Pop ကို ဘာလို့ ကြိုက်ရလဲ ဆိုတော့ သူတို့က အကကော၊ အဆိုကော ကောင်းတယ်လေ။
ပြီးတော့ သူတို့က ကြိုးစားမှုရှိတော့ သူတို့ကို အားပေးရတာ တန်ပါတယ်”
လို့ K-Pop ပရိသတ်တယောက်ဖြစ်တဲ့ ဒဂုံ တက္ကသိုလ်က ဒုတိယနှစ် နိုင်ငံ တကာ ဆက်ဆံရေး ဘာသာ  IR တက်နေသူ အသက် ၁၈ နှစ် အရွယ် မောင်ကောင်းကျော်ကိုက ဧရာဝတီကို ပြောပါတယ်။

 သူက K-Pop ထဲမှာ Boy Band အဖွဲ့တဖွဲ့ ဖြစ် တဲ့ 2PM ဆို တဲ့  အဖွဲ့ကို အကြိုက်ဆုံးလို့ ဆက်ပြောပါတယ်။

“တဖွဲ့လုံးက ယောကျာ်း ပီသတယ်။ တယောက်ချင်းစီလည်း တော်ကြတယ်။ Girl Band ထဲမှာတော့2NE1 အဖွဲ့ကို ကြိုက်တယ်။
အကြိုက်ဆုံး  မဟုတ်ပေမယ့် တော်တော် လေး ကြိုက်ပါတယ်။ ...သူတို့ အဖွဲ့က  တခြားအဖွဲ့တွေနဲ့ မတူဘူး။ တယောက်ချင်းစီမှာ ထူးခြားတဲ့အသံရှိတယ်။ ဖန်တီးမှုလည်း ကောင်းတယ်။
အဲဒါကြောင့်ပါ
”  လို့  မောင်ကောင်းကျော်ကိုက ဆိုပါတယ်။

 “K-Pop ကို ၂၀ဝ၇-၂၀ဝ၈ လောက်ကစပြီး Rain တို့  Lee Hyori (လီဟိုရီ) တို့ရဲ့ သီချင်းတွေကို စပြီး နားထောင် ဖြစ်တယ်။
တကယ် စကြိုက်တာ ကတော့ ၂၀၁၂ မှာဆိုတော့ ၁၉ နှစ်သမီးလောက်မှာ စကြိုက်သွားတယ်။ K-Pop ကို ကြိုက်ရတဲ့ အကြောင်း ရင်းကတော့ သူတို့က ဆန်းသစ်တီထွင်မှုရှိတယ်။ သီချင်းရော အနောက်က Music ရော၊ Performance ဆိုရင်လည်း ကောင်းတယ်။ နားထောင်ရ တာရော ကြည့်ရတာပါ ဘယ်တော့မှ မပျင်းသွားဘူး၊ မရိုးသွားဘူး ၊နားလည်းမဆူဘူး”
လို့ K-Pop အား ပေးလာတာ နှစ်နှစ်ကျော်လောက် ရှိပြီဖြစ်တဲ့ K-Pop အမာခံပရိသတ်တဦးဖြစ်သူ အသက် ၂၁ နှစ်အရွယ် မယမင်းက ဧရာဝတီကိုပြောပါတယ်။
 
(အပိုင်း ၂ ကို မနက်ဖြန် ဒီအချိန်မှာ ဆက်လက် ဖော်ပြပေးပါမယ်)

 

သီဟတိုး
 


 .







-

3 comments :

  1. Anonymous said... :

    Apk

  1. Anonymous said... :

    are you crazy?BAKA?Its not crazy just love?

  1. Anonymous said... :

    I Love K Pop

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved