၂၀၁၄ ဖူဆယ် Ooredoo ဖလား MIC FC ရရှိ

Wednesday, June 25, 2014

.

 


၂၀၁၄ ဖူဆယ် Ooredoo ဖလား ပြိုင်ပွဲမှာ အနိုင်ရသွားသူက MIC FC ဖြစ်ပါတယ်။
ဒီအကြောင်း အင်္ဂါနေ့မှာ ထွက်ပေါ်လာတဲ့ သတင်းထုတ်ပြန်ချက်တစောင်ကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။ 


ယနေ့သတင်းထုတ်ပြန်ချက်

ဇွန်လ ၂၄ ရက်နေ့ ၂၀၁၄

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ ၂၀၁၄  ဖူဆယ် Ooredoo တံခွန်စိုက်ဖလား တွင်  MIC FC အနိုင်ရ ဗိုလ်စွဲ

ရန်ကုန်၊ မြန်မာ။

ရက်သတ္တပတ် ခြောက်ပတ်ကြာ အကြိတ်အနယ် ယှဉ်ပြိုင် ကစား ခဲ့သော မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ၏ ၂၀၁၄ ဖူဆယ် Ooredoo တံခွန်စိုက် ဖလား ပွဲစဉ်များ သည် ထူးထူးခြားခြား အသင်းများ ၏ ကစားကွက်များ နှင့် ယမန်နေ့က အဆုံးသတ် သွားခဲ့ပြီဖြစ်သည်။

ပွဲစဉ်များ အစတွင် ဖူဆယ် အသင်းပေါင်း ၄၂ သင်း ပါဝင် ယှဉ်ပြိုင်ကြပြီး ၊ ဗိုလ်လုပွဲ တွင် မူ အတော် ဆုံး အသင်း နှစ်သင်း ဖြစ်သည့် Nay Pyi Taw FC နှင့် MIC FC နှစ်သင်း ၏ အကြိတ်အနယ် ကစား ကွက်လှလှများ နှင့် ကစားသွားခဲ့သည်။

ယှဉ်ပြိုင်ခြင်းသာ အဓိက ဟူသော စိတ်ဓါတ် အသွင်ပြင် လက္ခဏာကို ဆောင်သော တံခွန်စိုက် ပြိုင်ပွဲတွင် ဗိုလ်လုပွဲ တက်လာသော အသင်း နှစ်သင်း လုံးသည် ကျွမ်းကျင် လိမ္မာ ၍ တိုက်စစ် ဆင်သော ကစားနည်းများ ဖြင့် လှလှပပ ယှဉ်ပြိုင် ကစားခဲ့ကြ သည်ကို ပရိသတ်များ ကွင်းလုံးပြည့်နည်းပါး အားပေး ခဲ့ကြပါသည်။ အကြိတ်အနယ် ယှဉ်ပြိုင် ကစားကြရာတွင် MIC FC အသင်း က NPT FC အသင်းကို လေးဂိုး နှစ်ဂိုး နှင့် အနိုင်ရပြီး တံခွန်စိုက် ဖလားကို ဗိုလ်စွဲ အရယူလိုက်နိုင်သည်။

လူမူ ဆက်ဆံရေး နှင့် ပြန်ကြားရေး မန်နေဂျာ ဒေါ်သီရိကြာညို က ပြိုင်ပွဲဝင် အသင်းများ အားလုံးကို ၀င်ရောက် ယှဉ်ပြိုင် ကြသည့် အတွက် အထူး ကျေးဇူး တင်ရှိပါကြောင်း ဆုပေးပွဲတွင် ပြောကြားလိုက်သည်။

သူမက ထပ်လောင်း ၍ “အခုလို အားကစား စိတ်ဓါတ် တွေ ကျွမ်းကျင်မှုတွေ  အပြည့် နဲ့ သန့်သန့် ရှင်းရှင်း ကစား သွားကြတာ ဒီ တံခွန်စိုက်ပြိုင်ပွဲရဲ့ အနှစ်သာရပဲဖြစ်ပါတယ်။ ရှေ့နှစ်တွေ မှာလည်း Ooredoo မြန်မာ အနေနဲ့ ဖူဆယ် ပြိုင်ပွဲကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နဲ့ အတူတူ လက်တွဲပြီး အခုလို ပါဝင်ကူညီဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြား လိုက်ပါသည်။




 .

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved