2NE1ရဲ့ မြန်မာပြည်ခရီးနဲ့ ဆမ်ဆောင်းပရိုမိုးရှင်း

Friday, July 18, 2014

 ~




ကမ္ဘာကျော် ကိုရီးယားတေးဂီတအဖွဲ့ 2NE1 က မြန်မာနိုင်ငံတွင် တေးဂီတဖျော်ဖြေပွဲလာရောက်ကျင်းပမည်ဖြစ်သည်။

 


  • 2NE1 ရဲ့ ၂၀၁၄ ခရီးစဉ်အတွင်း အင်ဒိုနီးရှားနိုင်ငံ ဖျော်ဖြေတင်ဆက်မှု (ဓာတ်ပုံ  - 2NE1 ဖေ့စ်ဘုတ်)
(ည ၈း၀၀ နာရီ ပြင်ဆင်ချက် -
ပထမစာကြောင်းမှာ .... ဖော်ဖြေပွဲ လို့ ရေးထားမိပါတယ်။ 
ဖျော်ဖြေပွဲ လို့ ပြန်လည် ပြင်ဆင်လိုက်ပါတယ်)
2NE1 သည် ၂၀၀၉ တွင် ပေါ်ပေါက်လာသော အဖွဲ့ဖြစ်ပြီး အဖွဲ့ဝင် ၄ ဦး ပါရှိသည်။Samsung Myanmar ၏ ဖိတ်ကြားမှုဖြင့် လာရောက်မည့် ခရီးစဉ်အတွင်း
 မြန်မာနိုင်ငံအတွင်းရှိ Samsung ချစ်သူများနှင့် 2NE1 ပရိတ်သတ်များအတွက်  2NE1 အဖွဲ့မှ တေးသံရှင်များနှင့် ဆုံတွေ့ခွင့်အပါအဝင်
ထူးခြားလှသည့် ကံစမ်းမဲ အစီအစဉ်များ ချီးမြှင့်ပေးမည့် စိတ်လှုပ်ရှားဖွယ်ပြိုင်ပွဲတစ်ရပ်ကို ပရိတ်သတ်များအတွက် ဖန်တီးစီစဉ်ပေးသွားမည်ဟု သိရသည်။

ပထမအဆင့် ယှဉ်ပြိုင်မှုအကြာင်း Samsung Myanmar   https://www.facebook.com/samsungmyanmar တွင် ရေးသားဖော်ပြထားသည်များကို ကူးယူ ဖော်ပြလိုက်သည်။
ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ၆ နာရီအထိ ဖြေဆိုနိုင်ပါသည် ဟု ရေးသားထားသည်။
  • သီဟတိုး


သင်ဟာ 2NE1 ရဲ့ Biggest Fan တစ်ယောက်ပါလား? သင်ဟာ 2NE1 ရဲ့ Biggest Fan ဖြစ်ပါတယ်ဆိုတာ သက်သေပြပြီး သူတို့နဲ့တွေ့ဆုံဖို့ အခွင့်အရေးကို Samsung Myanmar က သင့်ထံ ယူဆောင်လာပါတော့မယ်။

'Search for the Biggest Fan' အသေးစိတ် အချက်အလက်တွေ ကို အောက်မှာဖော်ပြပေးထားပြီး မနက်ဖြန်မှာ ပွဲစတင်မှာ ဖြစ်တဲ့အတွက် ဒီ page ကို ဆက်ဆက်လာခဲ့ပါဦးနော်။

ပထမအဆင့် ယှဉ်ပြိုင်မှု အတွက် စည်းကမ်းများ
- Samsung Myanmar Facebook Page ကို Like လုပ်ရပါမယ်
- Samsung Brings 2NE1 to Myanmar Event Page တွင် မေးခွန်းများ ဖော်ပြထားပေးပါမည်။
မေးခွန်းများကို ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၉ နာရီတွင် Post လုပ်ပေးသွားပါမည်။
- အဖြေများကို Message Box မှ တဆင့် Samsung Myanmar သို့ ပေးပို့ဖြေဆိုရပါမည်။ အဖြေများကို ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ၆ နာရီအထိ ဖြေဆိုနိုင်ပါသည်။
- မေးခွန်းများကို Share ပေးရပါမည်။
- ပထမအဆင့် ရွေးချယ်ခံရသူများကို ဇူလိုင်လ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီတွင် ကြေငြာပေးမည်ဖြစ်ပြီး
- ဒုတိယအဆင့်ကို ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved