မုံရွာတက္ကသိုလ်တွင် အမှိုက်ကောက်ခြင်း

Tuesday, July 1, 2014


 ~

 
မုံရွာတက္ကသိုလ် ကျောင်းသားများ စုဖွဲ့ထားသည့် "ထာဝရအလင်းတန်းများ" လူမှုရေးအဖွဲ့က စနေနေ့တွင်  တက္ကသိုလ်ဘုရားသန့်ရှင်းရေး၊ ကျောင်းဝင်းအတွင်း အမှိုက်ကောက်လုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့ကြသည်။


သို့သော်လည်း ထိုအမှိုက်များကို မည်သို့မည်ပုံ ဆက်လုပ်ရမည်မသိဖြစ်နေသည်ဟု ဆိုသည်။

ထာဝရအလင်းတန်းများအဖွဲ့ဝင် ကျောင်းသားတစ်ဦးက
"အခု ကောက်ယူရရှိထားတဲ့ အမှိုက်တွေကို စွန့်ပစ်ဖို့ အခက်အခဲရှိပါတယ်။
စည်ပင်အမှိုက်ကားကလည်း ကျောင်းဘက်ကို မရောက်ပါဘူး။ ဒီနေ့ရတဲ့ အမှိုက်တွေ ဘယ်လို ဆက်လုပ်ရမယ်ဆိုတာ ဆရာတွေကို မေးကြည့်ရဦးမှာပါ" ဟု  ဧရာဝတီသို့ ပြောသည်။

အဆိုပါအဖွဲ့ကို မုံရွာတက္ကသိုလ် ပထမနှစ်ကျောင်းသားများက သောကြာနေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး  သန့်ရှင်းရေးလုပ်ငန်းများ စတင်လုပ်ဆောင်ကြခြင်းဖြစ်သည်။

"အပတ်စဉ်အင်္ဂါနေ့တိုင်း တက္ကသိုလ်ဘုရားနဲ့ ကျောင်းဝင်းထဲကို သန့်ရှင်းရေး၊ အမှိုက်ကောက် ၊ အမှိုက်သိမ်းလုပ်ပါမယ်။ 
တစ်လတစ်ခါ ဘိုးဘွားရိပ်သာလို၊ မိဘမဲ့ကျောင်းလို နေရာမျိုးတွေမှာ သန့်ရှင်းရေးနဲ့ အလှူအတန်း လုပ်သွားမယ်၊
အဖွဲ့ဝင်သစ်တွေကိုလည်း ထပ်ပြီး လက်ခံသွားမယ်၊ ကျနော်တို့ မိန်းထဲက ကျောင်းသားတိုင်း ပါဝင်လို့ရပါတယ်" ဟု အဖွဲ့ ဥက္ကဋ္ဌ ကိုအောင်သိန်းဦးက ပြောသည်။

စတင်ဖွဲ့စည်းချိန်က ကျောင်းသားကျောင်းသူ (၁၀၅) ဦး ပါဝင်ခဲ့ပြီး   တစ်ဦးလျှင် ကျပ် ၁,၀၀၀ နှုန်း ထည့်ဝင်လှူဒါန်းပြီး လူမှုရေး လုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းနိုင်သူ

 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved