စင်ကာပူရောက် မြန်မာအိမ်အကူများနဲ့ ပတ်သက်လို့ စုံစမ်းဖော်ထုတ်နေ

Thursday, July 3, 2014

စင်ကာပူ နိုင်ငံသို့ ရောက်ရှိနေတဲ့ မြန်မာ အိမ်အကူ အလုပ်သမားတွေနဲ့ မြန်မာနိုင်ငံသားများအားလုံး၏ အခက်အခဲများကို မြန်မာ အစိုးရ အနေဖြင့် ဘက်ပေါင်းစုံမှ ကူညီပေးသွားမည် ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာတွေ ဖော်ပြထားပါတယ်။  



နည်းလမ်း အမျိုးမျိုး၊ နေထိုင်ခွင့် ပုံစံအမျိုးမျိုးဖြင့် စင်ကာပူသို့ ရောက်ရှိနေကြသည့် အမျိုးသမီးများ အပါ အ၀င် မြန်မာနိုင်ငံ သားအားလုံးကို ဥပဒေ ဘောင်အတွင်းမှ အလုပ်လုပ်ကိုင်ခွင့်ရရေး၊ အခွင့်အရေးများ အပြည့်အ၀ ရရေး အတွက် နိုင်ငံခြားရေး ၀န်ကြီး ဌာန က ကူညီပေးသွားမည်ဟု သတင်းစာများ က ဖော်ပြ ထားပါတယ်။ 

အခုလို အစိုးရက ထုတ်ပြန်လာခဲ့ရတာက  စင်ကာပူ နိုင်ငံတွင် အိမ်အကူ အဖြစ် လုပ်ကိုင်ရန် ရောက်ရှိနေ
ကြ သည့် မြန်မာ၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား နိုင်ငံတို့မှ အမျိုး သမီးများကို ဈေးဝယ် စင်တာများ၌ ပစ္စည်းများဝယ်ယူနိုင် သကဲ့သို့ ရောင်း ချနေမှုများကို အယ်လ်ဂျာဇီးယား သတင်းဌာနက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရေးသား ဖော်ပြခဲ့ပြီးနောက်ပိုင်း ဖြစ်ပါတယ်။

ထိုသတင်းသည် ကမ္ဘာတ၀ှမ်း ပြန့်နှံ့သွားပြီး သက်ဆိုင်ရာ နိုင်ငံ အစိုးရများ ကလည်း ထိုလုပ်အပေါ် ကန့်ကွက်နေကြပါတယ်။ 

မြန်မာသံရုံးကတော့ မနေ့က ကြေညာချက် ထုတ်ပြန်ကာ မြန်မာ အိမ်ဖော်များ ရောင်း ကုန်ပစ္စည်းကဲ့သို့ ကုန်တိုက်တခုမှာ ရောင်းစားနေကြတယ်ဆိုတဲ့ ကိစ္စကို စုံစမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 



 










 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved