ပြန်လည်ငြိမ်သက်လာတဲ့ မန္တလေး

Saturday, July 5, 2014

 ~



 
မတည်မငြိမ်မှု ၄ ရက်ကြာ ဖြစ်ပွားအပြီးမှာတော့ မန္တလေးမြို့နဲ့ အနီးတဝိုက်ဟာ ဒီကနေ့ စနေနေ့မှာ  ငြိမ်သက်သွားပါပြီ။

 
ပဋိပက္ခတွေထပ်ဖြစ်လာမှာကိုတော့ စိုးရိမ်ပူပန်နေရတယ်လို့ ဒေသခံတို့က ဆိုပါတယ်။

ကျုံးရဲ့ အရှေ့တောင်ဘက် ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့လမ်းတချို့မှာတော့ ဆိုင်တွေ ပိတ်ထားတုန်းပဲ၊
လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလည်း အဲဒီအနီးတဝိုက်မှာ ချထားပါတယ် လို့ ဧရာဝတီသတင်းတပုဒ်
 http://www.irrawaddy.org/burma/mandalay-quiet-residents-live-fear.html မှာ ရေးပါတယ်။ ရဲတပ်ဖွဲ့ကတော့ ပဋိပက္ခနဲ့ပတ်သက်နေတယ်လို့ယူဆရသူတချို့ကို ထိန်းသိမ်းထားကြောင်း ပြောပြပါတယ်။

မန္တလေးခရိုင်ရဲမှူးစိန်ထွန်းရဲ့အဆိုအရ ခုချိန်အထိ ဖမ်းဆီးစစ်ဆေးနေတာ ၁၁ ဦး ရှိပါတယ် တဲ့။

ဒေသလုံခြုံရေးအတွက် ရဲတပ်ရင်း ၃ ရင်း ချထားတယ်၊ စစ်တပ် အကူအညီတော့ မတောင်းသေးဘူးလို့ သူက ဒီညနေပိုင်းမှာ ပြောပြပါတယ်။

ရဲချုပ်၊ ပြည်ထဲရေးဝန်ကြီးတို့လည်း မန္တလေးရောက်နေတယ်လို့ ဆိုပါတယ်။

  • အပေါ်ပုံ -
  • မန္တလေးမြို့လယ်တနေရာတွင် တွေ့ရသော လုံခြုံရေးတပ်ဖွဲ့ဝင်များ

ဆိုခဲ့သလိုပဲ ... ပြီးခဲ့တဲ့ရက်ပိုင်း ပဋိပက္ခကြီးထွားခဲ့တဲ့နေရာမှာတော့ ဆိုင်တွေ ပိတ်ထားတယ်၊ ဆိုင်ရှင်တယောက်ကတော့ အခြေအနေအရ ပိတ်ထားတာပဲ ပိုကောင်းပါတယ်၊ စီးပွားတော့ ထိခိုက်ပေမယ့် လုံခြုံရေးက အဓိကကျတာကြောင့် ပိတ်ထားကြတယ်လို့ ရှင်းပြပါတယ်။

မြို့လယ်ခေါင်ဈေးကြီးတွေကတော့ မပိတ်ပါဘူး။ သို့သော်လည်း ဈေးထဲကဆိုင်အများစုကတော့ ပိတ်ပါတယ်။ တရုတ်တန်းနားကဆိုင်တွေ အပါအ၀င်ပေါ့။

ရှေ့ဆက် ဘာဖြစ်လာဦးမလဲဆိုတာ ကျမတို့ သိနိုင်တာမဟုတ်ဘူး၊  တခုခု ထပ်ဖြစ်ရင်တော့ ဆိုင်က ရုတ်တရက် ပိတ်လိုက်လို့ ရတာမဟုတ်ဘူး၊
အိမ်ကိုလည်း ချက်ချင်းပြေးလို့မရဘူးလို့ ရှင်းပြပါတယ်။

ကိုးကား

http://www.irrawaddy.org/burma/mandalay-quiet-residents-live-fear.html


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved