သေရွာပြန် ၃ နှစ်သမီးလေး နောက်ဆက်တွဲ သတင်း

Tuesday, July 15, 2014

မနေ့က ဧရာဝတီ ဘလော့ဂ်မှာ ဖိလစ်ပိုင်နိုင်ငံက သေရွာပြန် ၃ နှစ်သမီးလေး အကြောင်း ပို့စ်တခု တင်ခဲ့ပါတယ်။ ၃ နှစ်သမီးလေးရဲ့ မိဘဆွေမျိုးတွေပါမက ဧရာဝတီပရိသတ်လည်း အံ့သြဝမ်းသာစရာ သတင်းအဖြစ် ဖတ်ရှုကြ တာ သိရ ပါတယ်။ 


ဒါပေမယ့် အခုတော့ စိတ်မကောင်းဖွယ်ရာသတင်းနောက်ဆက်တွဲကတော့ အဲဒီ သေရွာပြန် ၃ နှစ်သမီးလေး ဟာ ဆေးရုံက ပြန်ပြီး နေအိမ်အရောက် ၂၄ နာရီကျော်ကြာ တဲ့အခါ ဆုံးပါးသွားပြီလိုသိရပါတယ်။ 

မနေ့ကတော့ ၃ နှစ်သမီးလေးရဲ့ သေရွာပြန် ရှင်သန်ခြင်းအတွက် ၀မ်းသာနေချိန်မှာ အခုလို ၀မ်းနည်းဖွယ် သတင်းက ဆက်လက်ထွက်ပေါ်လာခဲ့တာပါ။ 

ဆရာဝန်တွေက ကလေးငယ်ဟာ အခု အသက်ရှင်တဲ့ လက္ခဏာ လုံးဝ မတွေ့ရတာကြောင့် ၃ နှစ်သမီးလေး ဟာ သေဆုံးသွားပြီလို့ အခုတကြိမ် ထပ်မံ  ပြောဆိုလာတာပါ။

သေဆုံးသွားပြီလို့ ပြောတဲ့ အသက် ၃ နှစ် အရွယ် မိန်းကလေးရဲ့ အသုဘ အခမ်းအနားတခုကို ဖိလစ်ပိုင်နိုင်ငံ Zamboanga del Sur ဒေသ Auroa အရပ်က ခရစ်ယာန်ဘုရားရှိခိုးကျောင်းတခုမှာ ကျင်းပချိန် အဲဒီ မိန်းကလေး ငယ်လေးဟာ တနေ့က ပြန်လည် နိုးထပြီး အသက်ရှင်ခဲ့တာပါ။ 

ဒီအကြောင်း မနေ့က သတင်းပို့ ချက်ကို ဤနေရာက ( http://blog.irrawaddy.org/2014/07/blog-post_5340.html ) တဆင့်လည်း သွားကြည့်နိုင်ပါတယ်။ 


အိမ့်သံစဉ် ~


 







 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved