ဂုရုကြီး သေသလား၊ ရှင်နေသလား အငြင်းပွားဆဲ

Monday, July 7, 2014

အိန္ဒိယနိုင်ငံက ငွေကြေး အချမ်းသာဆုံး လူတွေထဲကတဦးဖြစ်တဲ့ သန်းကြွယ်သူဋ္ဌေး ဂုရု ရှရီ အရှုတော့ရှ် မဟာ ရာ့ဂ်ျ ( Shri Ashutosh Maharaj ) ကို အအေးခန်းထဲ ထည့်ထားတာ ၆ လ ကျော်ကြာရှိပါပြီ။ သူ့တပည့်တွေကတော့ သူ သေတယ်၊ မသေသေးဘူးဆိုပြီး အငြင်းပွားနေကြပါတယ်။ 

 ဓာတ်ပုံ-The Mirror

စတာလင်ပေါင် သန်း ၁ဝဝ ကျော် ချမ်းသာကြွယ်ဝပြီး အသက် ၇ဝ ကျော် အရွယ် ဂုရု ရှရီ အရှုတော့ရှ် မဟာ ရာ့ဂ်ျဟာ လွန်ခဲ့တဲ့ ဇန်နဝါရီလက နုလုံးရောဂါ အပြင်းအထန်ခံစားခဲ့ရတာပါ။ ဂုရု ရှရီ နှလုံး
ဖောက်ပြီး သေလွန်သွားပြီလို့ ဆရာဝန်တွေက ကြေညာပြီး ၅ ရက်လောက်ကတည်းက သူ့ကို အအေးခန်း ထဲမှာထားခဲ့တာပါ။

အဲဒီအချိန်ကတည်းက သေပြီဆိုပြီး အအေးခန်း (ရေခဲတိုက် ) ထဲ ထည့်ထားခဲ့တာ ၆ လ ကျော်လာတော့ သဂြိုလ်ချင်တဲ့ သူတွေ ရှိသလို ဂုရုဟာ မသေသေးပဲ ဈာန်ဝင်စားနေတာလို့ ယုံကြည်သူတွေ လည်း ရှိနေ တယ်လို့ The Mirror သတင်းက ရေးပါတယ်။ 

သူ့တပည့်တဦးကတော့ လောကမှ ဆေးသိပ္ပံလိုက်မမီတဲ့ ကိစ္စတွေ ထူးခြားမှုတွေ ရှိတတ်ပြီး ယောဂ သဘော မှာ ကျင့်စဉ်ရဲ့ ထူးခြားတဲ့ အခြေအနေမျိုးတွေလည်း ရှိတယ်လို့ ပြောပါတယ်။ သူဟာ နာမ် အားဖြင့် အသက်ရှင်တယ်လို့ ယုံကြည်နေသူတွေလည်း ရှိပါတယ်။

 ဂုရု ရှရီကြီးဟာ နတ်ဒေဝါ အလင်း စေတမန် မစ်ရှင် ဆိုတဲ့ Divya Jyoti Jagrati Sansthan (Divine Light Awakening Mission)အဖွဲ့ရဲ့ အကြီးအကဲလည်းဖြစ်သလို သူ့ မှာ ကမ္ဘာတဝန်း တပည့်ပေါင်း သန်း ၃ဝ ကျော် ရှိပါတယ်။ အခုထိလည်း တပည့်တွေအကြား သေတယ်၊ မသေသေးဘူးဆိုတဲ့ အငြင်းပွားမှု က အရှိန်ရနေဆဲပါ။ 

သူက ဟိမဝန္တာတောင်ပေါ်မှာ သုညဒီဂရီအအေးဓာတ်ထဲမှာ တရားကျင့်ကြံနေထိုင်ခဲ့သူဖြစ်လို့ မသေဘူးလို့ ယုံကြည်သူတပည့်တွေလည်း ရှိတာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဂုရုကြီးရဲ့ ဆွေမျိုးရင်းချာ တဦးက ပြောတာ ကတော့ သူ့တပည့်ဆိုသူတွေဟာ ဂုရုကြီး ပိုင်ဆိုင်တဲ့ ဥစ္စာ နဲ့ ငွေကြေးတွေကို ထိမ်းချုပ်ချင်လို့ အခုလို အငြင်းပွားနေကြတာသာဖြစ်တယ်လို့ ဆိုထားပါတယ်။ 

ဂုရုကြီးပိုင်ဆိုင်မှုတွေက အိန္ဒိယအပြင်၊ အမေရိကား၊ သြစတြေးလျ၊ အရှေ့အလယ်ပိုင်း နိုင်ငံတွေနဲ့ ဗြိတိန် တို့မှာပါ ရှိနေတာပါတဲ့။ 

အိမ့်သံစဉ် ~ 


 






0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved